Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင် စောဒန်နီရယ် ရပ်စောက်မြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံ

နေပြည်တော် မတ် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင် စောဒန်နီရယ်သည် ယနေ့နံနက်ပိုင်းက ရပ်စောက်မြို့နယ် ယမ်းတွင်း ငကြောင်ကျေးရွာအုပ်စုပင်ဖြစ် ကျေးရွာပအိုဝ်းအမျိုးသားဘက်စုံ ဖွံ့ဖြိုးရေးရုံး၌ မြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင်က အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် ယာယီတိုက်ပွဲရှောင်ပြည်သူများက ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ယာယီတိုက်ပွဲရှောင် ပြည်သူများ၏ တင်ပြချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအမံများကို တင်ပြဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြော ကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင်က ထောက်ပံ့ပစ္စည်း များပေးအပ်ရာ ယာယီတိုက်ပွဲ ရှောင်ပြည်သူများကိုယ်စား ဦးခွန်စံသိန်းနှင့် ဦးဒန်းဗဟာဒူးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။    

သတင်းစဉ်