Skip to main content

Nov 24, 2023

၁။ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေတွင် ထုတ်ဝေစာဆိုသည်မှာ လက်ရေးစာ၊ ပုံနှိပ်စာ၊ အီလက်ထရောနစ်နှင့် အခြားနည်းပညာတစ်ရပ်ရပ်ဖြင့် ဖန်တီး၍ ထုတ်ဝေလိုက်သည့်စာတို့အပြင် ယင်းတို့နှင့် အမျိုးအစားတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ထင်ရှားမြင်သာသော ပုံသဏ္ဌာန်ရှိသည့်အရာ သို့မဟုတ် ပုံအားဖြင့်သော်လည်းကောင်း၊ သဏ္ဌာန်အားဖြင့်သော်လည်းကောင်း၊ အခြားနည်းလမ်းအားဖြင့်သော်လည်းကောင်း စကားလုံးများကိုဖြစ်စေ၊ အတွေးအခေါ်များကိုဖြစ်စေ သိရှိစေနိုင်သည့်အရာများနှင့် သတင်းစာ၊ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာအုပ်များကိုဆိုသည်ဟုလည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၁၅ တွင် မည်သူမျှ သက်ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်ခြင်းမပြုရဟုလည်းကောင်း ပြဋ္ဌာန်းထားရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ နယ်စပ်ဒေသတွေမှာ အခုဖြစ်ပေါ်နေတယ်လို့ပြောနေတဲ့ Online လိမ်လည်မှုအပြင် တရားမဝင်လုပ်ငန်းများ ပပျောက်စေရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်လျက်ရှိရာမှာ ဒီနေ့မှာတော့ နိုဝင်ဘာလ ၂၃ ရက်နေ့ နယ်စပ်ဒေသတွေမှာ တရားမဝင်ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား ၇၈၈ ဦး အမျိုးသမီး ၁၄၄ ဦး ပေါင်း ၉၃၂ ဦးကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ စုစုပေါင်း ၆၁၃၈ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံနယ်ကြားဒေသ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပထမဦးဆုံးပြောကြားလိုပါတယ်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး China Media Group (CMG) နှင့် တရုတ်ယဉ်ကျေးမှုစင်တာတို့ပူး​ပေါင်း၍ တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ် (Chinese Film Week) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ အလုံမြို့နယ် မင်းရဲကျော်စွာလမ်းရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

နိုင်ငံတော်အစိုးရသည် နယ်စပ်ဒေသများသို့ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများကို စိစစ်ဖော်ထုတ်ခြင်း၊ ပြန်လည်လွှဲပြောင်းပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံသား အမျိုးသား ၁၀၉၁ ဦး၊ အမျိုးသမီး ၁၉၇ ဦး စုစုပေါင်း ၁၂၈၈ ဦးကို စိစစ်ဖော်ထုတ်နိုင်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2023

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားဆောင်ရွက်မှုသည် နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှစတင်၍ နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်တွင် ကျရောက်သည့် လူ့အခွင့်အရေးနေ့အထိ ကျင်းပခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံတကာလှုပ်ရှားမှုသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၏ အန္တရာယ်ကို မီးမောင်းထိုးပြရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေးဆောင်ရွက်မှုများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2023

ရခိုင်ပြည်နယ်တွင် AA လက်နက်ကိုင်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦးနဲ့ စစ်တွေ စသည့် မြို့နယ်(၁၀)မြို့နယ်၌ စာသင်ကျောင်းပေါင်း ၁၂၀၀ ခန့် ပိတ်ထားရကြောင်း မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2023

ကယားပြည်နယ်ရှိ လွိုင်ကော်တက္ကသိုလ်အား အကြမ်းဖက်သောင်းကျန်းသူများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းမိသားစုဝင်များအား ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့မှုကြောင့် မော်လမြိုင်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသည်လည်း စိုးရိမ်စိတ်များဖြင့် နီးစပ်ရာဆွေမျိုးနေအိမ်များနှင့် ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ကြသူများ များပြားလာခြင်းကြောင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်မှ နိုဝင်ဘာလ ၁၆ ရက်တွင် အရေးပေါ်အစည်းအဝေးပြုလုပ်၍ တက္ကသိုလ်ရှိ ဝန်ထမ်းများအနေဖြင့် ကျောင်းအတွင်း ပြန်လည်နေထိုင်ကြရန်နှင့် ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ခွင့်များ ပိတ်ပင်ခဲ့ကြောင်း Social Media များတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2023

TNLA အဖွဲ့နှင့် ပူးပေါင်းအကြမ်းဖက်သမားများ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်းဝန်းထဲသို့ ယနေ့နံနက်ပိုင်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါယာဉ်ရပ်နားစခန်းရှိ ကုန်တင်ကားအချို့မီးလောင်ခဲ့မှုအား တပ်မတော်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်များတွင် သတင်းတုသတင်းမှားများ ဖြန့်ဝေအဆိပ်ခတ်လျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2023

မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လယ်ဝေးမြို့နယ်၌ ဒုတိယနေ့အဖြစ် လယ်ဝေးမြို့နယ် စည်ပင်သာယာရေးကော်မတီ သီရိမင်္ဂလာခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2023

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2023

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ မိတ္ထီလာအကျဉ်းထောင်ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သီရိရတနာမူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်နှင့် ဆရာမများအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2023

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်သို့ရောက်ရှိပြီး ဓာတုဗေဒဌာန၌ ဘာသာရပ်မွမ်းမံသင်တန်း (Refresher Course) ပို့ချနေမှုကို ကြည့်ရှုစစ်ဆေးကာ ယခုကဲ့သို့ စွမ်းရည်မြှင့်သင်တန်းများ စဉ်ဆက်မပြတ် ပို့ချသွားရန်၊ ကျောင်းသား ကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှုဆိုင်ရာ ဦးစားပေးစွမ်းရည် (Skills) ငါးမျိုးရရှိအောင် သင်ကြားနည်းစနစ် (Activities) ခုနစ်မျိုးဖြင့် လေ့ကျင့်ပေးရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2023

နိုင်ငံတော်အစိုးရအနေဖြင့် CDM ကျောင်းသားများ စာရင်းကိုသိရှိလိုခြင်း၊ ကျောင်းသားများကို လူသားတံတိုင်းအဖြစ် ဆောင်ရွက်လိုခြင်းနှင့် CDM ကျောင်းသားများကို ကျောင်းပြန်တက်စေချင်လိုခြင်းများကြောင့် ပုဂ္ဂလိကကျောင်းများတွင် အတန်းလိုက်ကျောင်းသားဦးရေ အတိုးအလျော့စာရင်း၊ ကျောင်းသားများ၏အမည်စာရင်းနှင့် ကျောင်းများ၏ဘဏ္ဍာရေးဆိုင်ရာ ကောက်ခံစာရင်းများကိုပေးရမည်ဟု ထုတ်ပြန်ထားသည့်အတွက် ကျောင်းများတွင် ဖောင်ဖြည့်ပေးရန် အတင်းကောက်ခံနေခြင်းကြောင့် ကျောင်းသားမိဘများက စိုးရိမ်နေကြသည်ဟု ကောလာဟလသတင်းများ လုပ်ကြံဖန်တီးပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထုတ်လွှင့်လျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2023

၂၀၂၃ ခုနှစ် အကြိမ် (၆၀) မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၂၀ တွင် နေပြည်တော်ဇေယျာသီရိ အားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2023

ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်တွင် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တပ်မတော်မှ ဝင်ရောက်တပ်စွဲခဲ့ပြီး ကျောင်းရှိ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာများနှင့် ပညာရေးဝန်ထမ်းများအား ၂၆ ရက်နေ့အပြီး နောက်ဆုံးထားပြီး ကျောင်းဝန်းထဲမှ ပြောင်းရွှေ့ထွက်ခွာပေးရန် ပြောကြားခဲ့ကြောင်း၊ ဒါကြောင့် ဆရာ၊ ဆရာမ၊ ပညာရေးဝန်ထမ်းများ ရပ်ကွက်များအတွင်း အိမ်ငှားရှာနေရသည်ဆိုသည့် လုပ်ကြံသတင်းအမှားအား လူမှုကွန်ရက်စာမျက်နှာတွင် လုပ်ကြံသတင်း ရေးသားဖြန့်ဝေမှုအား တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2023

ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့် အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာမြို့ တိုက်နယ်ပြည်သူ့ ဆေးရုံ၌အခြေပြု၍ ချောင်းသာမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၇၂ ဦး အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်