Skip to main content

Jan 12, 2020

ရန်ကုန် ဇန်နဝါရီ ၁၂

MPT ဆင်းကတ်များကို သုံးစွဲသူများအနေဖြင့် ဆင်းကတ်တစ်ခု၏ လည်ပတ်မှုဖြစ်စဉ်နှင့် သက်တမ်းတို့ကို သိရှိနားလည်စေရန် ဆင်းကတ်သက်တမ်း (SIM Lifecycle) အကြောင်းကို MPT က ဇန်နဝါရီ ၉ ရက်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) သည် မြန်မာနိုင်ငံ၏ မိခင်နို့ရည်ဘဏ်ကို ကမ္ဘာ့အကောင်းဆုံး နိုင်ငံတကာ အလေ့အကျင့်များနှင့်အညီ အဆင့်မြှင့်တင်ခြင်း၊ စံသတ်မှတ်ခြင်းများပြုလုပ်၍ အကောင်းဆုံး ဖြစ်အောင် ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

ရန်ကုန်  ဇန်နဝါရီ  ၁၂

ရခိုင်ပြည်နယ် ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေး ဂေါပကအဖွဲ့(ရန်ကုန်)၏ ၂၀၁၉ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် ခေတ်အဆက်ဆက် ဂေါပကအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ကြသော ဂေါပကအဖွဲ့ဝင်များအား သတ္တမ အကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် အနီးရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

ရန်ကုန် ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်တို့ပူးပေါင်း၍ တက္ကသိုလ်အဆင့် ကင်းထောက် အခြေခံသင်တန်း (၁/၂၀၂၀) ဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီက ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် ကျင်းပရာ ကင်းထောက်လူငယ်မောင်မယ်များက ကင်းထောက် ဂုဏ်ရည် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီးအဖွဲ့ အမျိုးသမီး ကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်တို့က အမှာစကားပြောကြားပြီး ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်က ကင်းထောက်ပညာနှင့် ကင်းထောက် အစဉ်အလာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

နေပြည်တော်  ဇန်နဝါရီ  ၁၂

မြောက်ဦးမြို့၌ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်နှစ်စီးအား AA အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ် ထိမှန်ပျက်စီးသွားခဲ့သော်လည်း လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

နေပြည်တော်  ဇန်နဝါရီ  ၁၂

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်၌ ယနေ့နံနက်ပိုင်းက နွားများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ယာဉ်နောက်လိုက် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

နေပြည်တော် ဇန်နဝါရီ  ၁၂   

နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၈  နာရီခွဲက မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

ရန်ကုန်   ဇန်နဝါရီ   ၁၂

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းဟောင်းများ နှစ်ပတ်လည်တွေ့ဆုံပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေ ၅ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ Rainbow Restaurant ၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းဟောင်းများအသင်း နာယက ဦးအုန်းဂျော်က အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် ၀န်ထမ်းဟောင်းများအသင်း ယာယီဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင် ဦးဉာဏ်ဝင်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

ရန်ကုန် ဇန်နဝါရီ  ၁၂

စက်ဘီးစီးခရီးစဉ်အတွက် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၂ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

ဖလမ်း  ဇန်နဝါရီ   ၁၂

ဖလမ်းမြို့နယ်၊ တလန်ရောန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။

ကျောင်းဆောင်သစ်ကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်စိုက်ပျိုးရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါးလ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ အဆိုပါအဆောက်အအုံသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သိန်း (၈၀ဝ)ဖြင့် Chin Dairial ကုမ္ပဏီက (၁၂၀×၃၀)ပေ Steel Structre ဖြင့် တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်