Feb 03, 2020
ရန်ကုန် ဖေဖော်ဝါရီ ၃
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကေတုမတီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဒေါက်တာဦးပွားက ဝန်ကြီးဌာနအဖွဲ့အစည်း အသီးသီး၏စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်းတွင် အဓိကတာဝန်ထမ်းဆောင်နေပြီး အနာဂတ်တွင် နိုင်ငံတော်၏ ကြီးမားသည့် တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် အဆင့်မြင့်အရာရှိကြီးများ၏ အရည်အသွေးများ မြင့်မားထက်မြက်လာစေရေး ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်ပါကြောင်း။
Feb 03, 2020
နေပြည်တော် ဖေဖော်ဝါရီ ၃
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 03, 2020
နေပြည်တော် ဖေဖော်ဝါရီ ၃
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 03, 2020
မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် (၁၉) ရပ်ကွက် ဦးဘိုးလှိုင်လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲရေး ဦးစီးဌာန၊ ရွှေပေါက်ကံအိမ်ရာဝင်းအတွင်းတွင် ထပ်မံဆောက်လုပ် ထားသည့် ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ (၃)ထပ်တိုက် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီ ၂၀ မိနစ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 03, 2020
နေပြည်တော် ဖေဖော်ဝါရီ ၃
နေပြည်တော် ရေပန်းဥယျာဉ်တွင် ပန်းပွဲတော်ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့စ၍ တစ်လခန့်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပန်းပွဲတော်တွင် နိုင်ငံကျော်တေးသံရှင်များနှင့် အပတ်စဉ် ဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ပြီး စားသောက်ဆိုင်ခန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်သည်။
ပန်းပွဲတော်ကာလအတွင်း ရေပန်းဥယျာဉ်အတွင်းဝင်ကြေးကို လူကြီး၊ ကလေးတစ်ဦးလျှင် ကျပ်(၁၅၀၀) သတ်မှတ်ထားကာ (၅)နှစ်အောက်ကလေးများကို အခမဲ့ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
Feb 03, 2020
မုံရွာ ဖေဖော်ဝါရီ ၃
ကုန်တင်ရေယာဉ်များနှင့် လူစီးအမြန်ရေယာဉ်များ ချင်းတွင်းမြစ်ရေနည်းကာလအတွင်း ရေစူးသတိပေးချက်များ ထုတ်ပြန်ထားရာ ၎င်းကာလတွင် ရေယာဉ်များအနေဖြင့် ရေကြောင်းပြအမှတ်အသားများ ပြသထားသည့် ရေလမ်း ကြောင်းများအတိုင်း စနစ်တကျမောင်းနှင် ကြရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်း၏ ပြောကြားချက်များအရ သိရသည်။
Feb 03, 2020
နေပြည်တော် ဖေဖော်ဝါရီ ၃
မြန်မာနိုင်ငံ JICA ပညာသင်ဟောင်းများအသင်း (၁၃) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး နှင့် ၃၅ ကြိမ်မြောက် ဆိုက်ဘာမှုခင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ JICA ပညာသင်ဟောင်းများအသင်း ဥက္ကဋ္ဌ ဦးအောင်ဒင်က JICA ပညာသင်ဟောင်းများအနေဖြင့် ဂျပန်နိုင်ငံတွင် သင်ယူလေ့လာခဲ့သော အတတ်ပညာများနှင့် လုပ်ငန်းခွင်အတွေ့အကြုံများကို အသင်းသားများသို့ ဖြန့်ဝေပေးပြီး ဗဟုသုတတိုးပွားရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ JICA ပညာသင်ဟောင်းများအသင်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
Feb 03, 2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guaungzhuo) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၀၂၀) ပြည့်နှစ်၊ ဇန်နဝါရီ (၃၁) ရက်၊ နံနက် (၁၁:၄၅)နာရီ အချိန်ခန့်တွင် ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ ဖြင့် လိုက်ပါလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားခရီးသည် (၁) ဦးတွင် ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီ အထူးကုဆေးရုံရှိ သီးခြားခန်း (isolation room) သို့ ပို့ဆောင်ခဲ့ပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့် အညီ စောင့်ကြည့်လူနာ (person under in