Aug 14, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် တာဝန်ရှိသူများ သည် ရေတာရှည်မြို့၊ အ.ထ.က၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သော မူလွန်-စိမ့်ရွာကျောင်းဆောင် အပြီးသတ် ဆောက်လုပ်နိုင်ရေးနှင့် ကျေးရွာမီးလင်းရေး အတွက် အလှူငွေများ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
Aug 14, 2020
ရမည်းသင်းမြို့နယ် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်း ဆောင်ရွက် ရမည်းသင်း ဩဂုတ် ၁၄ ဇော်ဝင်းအောင်
Aug 14, 2020
ကိုဗစ်-၁၉ ကုစားမှုအနေဖြင့် Cash for Work စီမံကိန်းလုပ်ငန်းကို သမိန်လစ်ကျေးရွာ၌ လမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက် ကော့ကရိတ် ဩဂုတ်၁၄ မျိုးမင်းဦး
Aug 14, 2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၀ ပြည့် နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဇူလိုင် လ ၂၅ ရက်မှစတင်၍ ပထမအကြိမ်ထုတ်ပြန်ကြေညာ ထားပေးရာ ယနေ့ အထိ မဲစာရင်းလာ ရောက်ကြည့်ရှု သူ ဦးရေ (၇၅၄၉၈) ဦးခန့် ရှိပြီး လာရောက်လျှောက်ထားသူ ကန့်ကွက်သူနှင့် ပြင်ဆင်သူ များရှိကြောင်း သိရသည်။
Aug 14, 2020
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယမန်နေ့ နေ့လယ် (၂)နာရီခွဲအချိန်က ရေနံချောင်းမြို့နယ် မြို့ရှောင်လမ်း မိုင်တိုင် (၁) မှ (၇) မိုင်အတွင်း ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာန မှ စိုက်ပျိုးထားသော Greening Complex Zone စီမံကိန်းတည်ထောင် အကောင်အထည်ဖော် ဆောင်ရွက်မှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များကိုမှာကြားခဲ့သည်။
Aug 14, 2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်တာဝန်ရှိသူများသည် ယနေ့ နေ့လယ်ပိုင်း က မုံရွာမြို့ ရုံးကြီးရပ်ကွက်ရှိ သလ္လာဝတီဆိပ်ကမ်းနားလမ်း တာရိုးပေါ်ရှိ လူသွားစင်္ကြံ ဖို့မြေများမသေမှုကြောင့် ပေ(၁၀၀)ခန့် ကျွံကြမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ လူသွားစင်္ကြံပေ(၁၀၀)ခန့်အား ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေးကို အထူးအလေးထား၍ ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အားလုံးပူးပေါင်းဆောင်ရွက်ပေးရန် မုံရွာမြိူ့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
Aug 14, 2020
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ဝိုင်းမော်မြို့နယ်အတွင်း မြို့နယ်တရား ရေးဌာန မြေနေရာရရှိရေးနှင့် ဝိုင်းမော်မြို့ မြို့အင်္ဂါရပ်နှင့်အညီ မြို့တော်ခန်းမ ဆောက်လုပ် နိုင်ရေးအတွက် လျာထားမြေနေရာများကို ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ သည်။
Aug 14, 2020
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် (၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ CCTV Control Room အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Aug 14, 2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုနှင့် ဝဲကရင်ကျေးရွာအုပ်စုတို့တွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဘားအံရုံးနှင့် NRC(Norwegian Refugee Council)တို့ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ပေးအပ်ပွဲအခမ်းအနားကို နောင်ကုန်း (ဝဲကရင်) ရွာတွင် ပြုလုပ်သည်။
Aug 14, 2020
ကယားပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ် အတွင်း ကိုဗစ်−၁၉ ထိန်းချုပ် ကာကွယ် တားဆီးရေး လုပ်ငန်းများအား