Skip to main content

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ တက္ကသိုလ်အဆင့် ကင်းထောက်အခြေခံသင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်တို့ပူးပေါင်း၍ တက္ကသိုလ်အဆင့် ကင်းထောက် အခြေခံသင်တန်း (၁/၂၀၂၀) ဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီက ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် ကျင်းပရာ ကင်းထောက်လူငယ်မောင်မယ်များက ကင်းထောက် ဂုဏ်ရည် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီးအဖွဲ့ အမျိုးသမီး ကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်တို့က အမှာစကားပြောကြားပြီး ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်က ကင်းထောက်ပညာနှင့် ကင်းထောက် အစဉ်အလာများကို ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှ အမျိုးသား/အမျိုးသမီးကြီးများ၊ တက္ကသိုလ် ကင်းထောက်လူငယ်များ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကင်းထောက်အဖွဲ့တာဝန်ခံ ဒေါက်တာ ဒေါ်ဝေဝေမြင့်နှင့် သင်တန်းတက်ရောက်ကြမည့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ ဖြစ်ကြသည့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့တွင် ၇၄ ဦး၊ မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီးအဖွဲ့တွင် ၈၆ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁၄ ရက် အထိ ဖြစ်သည်။

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်