Skip to main content

Jan 28, 2025

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၉-၁-၂၀၂၅)ရက်နေ့၊ ည(၈:၀၀)နာရီမှ (၂၆-၁-၂၀၂၅)ရက်နေ့၊ ည(၈:၀၀)နာရီ အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၉၄၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့လမ်း ၈၀ နှင့် ၃၅ လမ်းထောင့်ရှိ ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းကျောင်း (မန္တလေး) ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၁) နှင့် အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ် (၂၆) တို့၏ သင်တန်းဖွင့်ပွဲကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရှိ ကေတုမတီခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်ရည်ရွယ်၍ ရုရှားဘာသာစကား (အခြေခံ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာ ပြန့်ပွားရေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသည် ဆေးဝါးသုံးစွဲသူပြည်သူအများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဆေးဝါးများ မပြတ်လပ်ရေးအတွက်ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ နေပြည်တော်ကောင်စီ၏ ပံ့ပိုးမှုတို့ဖြင့် နေပြည်တော်ပျဉ်းမနားမြို့ မင်္ဂလာကန်တော်ခန်းမ(မြင်းရုပ်အနီး)၌ ဒုတိယ အကြိမ်မြောက် ဆေးကုမ္ပဏီများက သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲကို ကျင်းပလျက်ရှိပြီး ဇန်နဝါရီ ၂၇ ရက်မှ ၃၁ ရက် အထိ နေ့စဉ် နံနက် ၉ နာရီမှ ည‌နေ ၄ နာရီအထိ ဆေးကုမ္ပဏီ ၄၀ မှ ဆေးဝါးမျိုးစုံတို့ကို ပါဝင်ပြသရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသော်လည်း အကျဉ်းထောင်အာဏာပိုင်များက လုံလောက်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားနိုင်ခြင်းမရှိဘဲ ထောင်အတွင်းကျွေးမွေးသည့် ပဲဟင်းနှင့်ထမင်းသည် ယခုနှစ် ဇန်နဝါရီလဒုတိယပတ်မှစ၍ မာသည့်အခါ မာ၊ ပျော့သည့်အခါ ပျော့နေသဖြင့် အစာအိမ်ရောဂါအခံရှိသူများ ဗိုက်အောင့်ဝေဒနာ ခံစားနေကြရပြီး ထမင်းစားရသည်မှာ အဆင်မပြေဖြစ်နေသည်ကို တင်ပြသော်လည်း အကျဉ်းထောင်ဘက်က တင်ပြပြောဆိုချက်များကို လက်မခံကြောင်း Khit Thit Media အမည်ခံ Facebook Pageက မဟုတ်မမှန်လုပ်ကြံ သတင်းရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာအကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးမွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကောင်အထည်ဖော်လျက်ရှိသော National level Standard ဖြစ်သည့် MMQR( Myanmar Quick Response) အသုံးပြုပြီး မတူညီသည့်ဒစ်ဂျစ်တယ် ငွေပေးချေမှုများကို အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သည့် Digital Payment Switch ၏ ဆောင်ရွက်နိုင်ခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့နံနက် ၁၁ နာရီ က ရန်ကုန်မြို့ရှိ The Eravati Sule Grand Yangon ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး စီမံခန့်ခွဲမှုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

စိုက်ပျိုးရေးသုတေသနဦးစီးဌာနတည်ထောင်ခြင်း (၂၁) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ရေဆင်းရှိ အဆိုပါဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

(၂၀၂၄-၂၀၂၅) ပညာသင်နှစ် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်း မိတ်ဆက်အသိပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) Meeting Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်နိကာယာဓိပတိ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တည်ထောင်သူနှင့် သြဝါဒါစရိယအဖွဲ့ဝင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရသည် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒီပလိုမာတန်းမှ ပါရဂူတန်းအထိ တက်ရောက်လျက်ရှိသော ပြည်တွင်းပြည်ပမှ သင်တန်းသားသင်တန်းသူများအား ယနေ့မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall တွင် Special Dhamma Talk ပို့ချသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် ယနေ့ညနေပိုင်းတွင် တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ ပြန်ကြားရေးဝန်ကြီးဌာနအောက်မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ အောင်မြင်စေရေးအတွက် မီဒီယာလုပ်ငန်းများဖြင့် ပူးပေါင်းကူညီဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် လောင်းကစားမှု (Online Gambling)များအား တားဆီးနှိမ်နင်းရေးဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

အိန္ဒိယသမ္မတနိုင်ငံ၏ (၇၆) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wydham Grand Hotel ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီးတို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2025

လောကအားလုံးကိုသိတော်မူသော အတုမရှိ သဗ္ဗညုတဘုရားရှင်သည် ၄၅ ဝါကာလပတ်လုံး လောကီ၊ လောကုတ္တရာနှစ်ဖြာသော အကျိုးစီးပွားတို့ကို ဖြစ်ပေါ်စေနိုင်သော တရားတော်များကို ဟောကြားတော်မူခဲ့သည်။ ဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များ မပျောက်ပျက်သွားစေရန်နှင့် ဘုရားရှင်၏ သာသနာတော် နှစ်ပေါင်း ၅၀၀၀ မကကြာအောင် တည်တံ့ပြန့်ပွားစေရန် ရှင်မဟာကဿပစသည့် ရဟန္တာမထေရ်ကြီးများက သင်္ဂါယနာအဆင့်ဆင့် တင်တော်မူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်