Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၁၅

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme – WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Michael John Dunford ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့များ အကျိုးရှိထိရောက်စေရေးနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်