Skip to main content

Nov 01, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၃၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သင်္ဃန်းညီနောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်းအထောက် အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်နှစ်ကောင်တံဆိပ် စားသုံးဆီ လီတာ ၇၂၀ အပါအဝင် ကုန်စည်လေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈,၄၄၃,၂၀၀)နှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် တိုယိုတာဟိုက်အေ့အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မြဝတီမြို့နယ်အတွင်း၌ တရားမဝင်စားသုံးဆီ လီတာ ၈၆၄၀ နှင့် လစ်ပိုအချိုရည် ဖာ ၂၈၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၈၀၀,၀၀၀) ကိုလည်းကောင်း၊ မြဝတီကုန်သွယ်ရေးဇုန်(OSS)၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် High Density Polyethylene ကီလိုဂရမ် ၆၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၈၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆,၃၂၃,၂၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2022

အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မြို့၌ အသည်းအစားထိုးအလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက် နံနက်ကကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းတက်ရောက်၍ ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားပြီး အခမ်းအနားသို့ အသည်းအစားထိုးကုသမှုဆောင်ရွက်ခဲ့ကြသည့် ဘာသာရပ်ဆိုင်ရာပါမောက္ခများ၊ အငြိမ်းစားဆေးပညာရှင်ကြီးများ၊ ကျင့်ဝတ်ကော်မတီအဖွဲ့ဝင်များ၊ အသည်းအစားထိုးကုသမှုဆောင်ရွက်ခဲ့သည့် လူနာများနှင့် အလှူရှင်များ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2022

ကျောင်းသားလူငယ်များ သတင်းအမှား သတင်းအမှန်ခွဲခြားသုံးသပ်နိုင်ရေးနှင့် အနာဂတ်ကာလအတွက် ထူးချွန်သော မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေးတို့အတွက် ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲများကို အ.ထ.က (၄) ဗိုလ်တထောင်၌ အောက်တိုဘာ ၂၆ ရက်နှင့် အ.ထ.က (၅) ဗိုလ် တထောင်၌ အောက်တိုဘာ ၂၈ ရက်တို့တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2022

စင်ကာပူနိုင်ငံ Resorts World Sentosa Convention Centre ၌ အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပသည့် အာရှနှင့်သမုဒ္ဒရာဒေသရှိ သတင်းအချက်အလက် နည်းပညာဆိုင်ရာအသင်းချုပ် Asian-Oceanian Computing Industry Organization (ASOCIO) Digital Summit 2022 သို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်တစ်ဦး တက်ရောက် ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2022

မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2022

သီတဂူဆရာတော်ကြီး၏ နာဂဒေသတောင်ပေါ်မြေပြန့်၌ သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား နဝကမ္မ၊ ဆွမ်းဆန်၊ ဆီ၊ ဆေး ပစ္စည်းလေးပါး အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ရွှေပြည်သာအားကစားခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2022

မုဒုံ​မြေ အဆင့်မြင့်ရော်ဘာထုတ်လုပ်သူများ သမဝါယမအသင်း၊ အသင်းဝင်များ၏ ရော်ဘာစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် အရည်အသွေးကောင်းမွန်သော ရော်ဘာကြိတ်ပြားများထုတ်လုပ်နိုင်ရေး ပြုပြင်ဆောင်ရွက်ရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) ရန်ပုံငွေကျပ်သိန်း ၃၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2022

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် နိုဝင်ဘာ ၂ ရက်မှ ၅ ရက်အထိ ကျင်းပမည့် Seoul Food Week 2022 နှင့် စားသောက်ကုန်ကဏ္ဍ လေ့လာရေးခရီးစဉ်သို့ တက်ရောက်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ ဦးဆောင်၍ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များပါဝင်သော အဖွဲ့ဝင် ၁၂ ဦးပါ မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၃၀ ရက်က ရန်ကုန်မြို့မှ ကိုရီးယားသမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2022

မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီ ရှေးအစဉ်အဆက်ကတည်းက အတိတ်ကောင်း၊ နိမိတ်ကောင်း၊ အတိတ်တဘောင်ကောင်းများဖြင့် ဆန်ရေစပါးပေါများကြွယ်ဝပြီး အေးချမ်းသာယာဝပြောသော နိုင်ငံဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သော မြန်မာဘုရင်များလက်ထက်တွင် မင်းကျင့်တရား ၁၀ ပါးနှင့်ညီညွတ်စွာအုပ်ချုပ်ပါကအတိတ်ကောင်း၊ နိမိတ်ကောင်းများပေါ်ထွန်းလာလေ့ရှိသည်။ အတိတ်ကောင်း၊ နိမိတ်ကောင်းများတွင် ဆင်ဖြူရတနာပေါ်ထွန်းလာခြင်းလည်းပါဝင်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 01, 2022

အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုအတွင်း အကြောက်တရားဖြင့် လွှမ်းမိုးထားရန်ဖြစ်ပြီး နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားတွင် အခြေခံအကျဆုံးဖြစ်သော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးများ ပျက်ပြားစေရန်အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာများကို ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို ရက်ရက်စက်စက် ပြုလုပ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်