Skip to main content

Jan 29, 2025

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်နှင့် ရေဖြူမြို့နယ်အစပ်ရှိ ကျေးရွာများကို ဇန်နဝါရီလပိုင်းမှစတင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ချိမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အသက်အရွယ်အကျုံးဝင်သည့် အမျိုးသမီးများကို စာရင်းကောက်ခံမှုများ ပြုလုပ်နေကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းဖြင့်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ပဲခူးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ပဲခူးမြို့သီရိဟံသာခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ပဲခူးခရိုင်နှင့် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာရှိ ဒေသခံများ၏ နေအိမ် ၂၀ ခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်း သွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယ​နေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ကျုံမငဲ့ကျေးရွာသို့ရောက်ရှိကြရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

မြန်မာစာပေကို အသက်ထက်ဆုံး မြတ်နိုးတန်ဖိုးထားခဲ့ပြီး မြန်မာစာပေအကျိုးအတွက် မဆုတ်မနစ် အားထုတ်ခဲ့သည့် အမျိုးသားစာပေ တစ်သက်တာဆုရှင်၊ မြန်မာစာကဝိတစ်ဆူဖြစ်သည့် ဆရာကြီး အလင်္ကာကျော်စွာ ဒေါက်တာခင်အေး [မောင်ခင်မင် (ဓနုဖြူ)] သည် ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၀၀: ၃၀ တွင်ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

​​​​​​​(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌တွေ့ဆုံ၍ အားကစားနှင့်လူငယ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးပြီး တိုင်းဒေသကြီးကိုယ်စားပြု မျိုးဆက်သစ် အားကစားသမားများစွာ မွေးထုတ်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

တောမီးကြံ့ကြံ့ခံနိုင်ခြင်း၊ ဒေသခံများ၏ လူမှုစီးပွားနှင့် စျေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနအင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့ တက်ရောက်အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

​​​​​​​၁။ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC-1 တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများနှင့်စပ်လျဉ်း၍ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ် ရေးကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

တပ်မတော်တွင် ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုး လူနာနှစ်ဦးအောင်မြင်စွာ ခွဲစိတ်ကုသမှုဆောင်ရွက်နိုင်ခဲ့သည်။ အသည်းအစားထိုးခွဲစိတ်ကုသမှုအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှုသုံးကြိမ်၊ လူနာကိုးဦး နှင့် ၂၀၂၄ ခုနှစ်အတွင်း လူနာကိုးဦးတို့ကို အောင်မြင်စွာထပ်မံခွဲစိတ် ကုသဆောင်ရွက်ပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

​​​​​​​နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ်(၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာသက်ဝင်စေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 29, 2025

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း အကျယ်အဝန်း ၃၂၇ ဧကရှိ “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” ကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်မှစတင်၍ သတ်မှတ်လိုက်သည့် မင်းတုန်းမင်းတရားကြီးက မူလပထမရွှေကျင်ဆရာတော်ကြီးထံ လှူဒါန်းခဲ့သည့် အဆိုပါနယ်မြေသည် မျိုးသုဉ်းရန်အန္တရာယ်ရှိသော သတ္တဝါများရှင်သန်ကျက်စားနေသည့် နယ်မြေလည်းဖြစ်သည်။ အဆိုပါ ဘေးမဲ့တောအတွင်း တောတောင်သဘာဝ အလှအပရှုခင်းများသာမက အဖိုးတန်ရှေးဟောင်းယဉ်ကျေးမှုလက်ရာများဖြင့် ခံ့ညားထည်ဝါသည့် အဆောက်အအုံများရှိနေခြင်းကလည်း ထူးခြားလှသည်။

ဆက်လက်ဖတ်ရှုရန်