Skip to main content

Jan 28, 2025

ဩဇာအာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူတို့၏ အဂတိလိုက်စားမှုများက နိုင်ငံ့တာဝန်ကို ယူထားရသည့်အစိုးရအဖွဲ့အစည်းနှင့် ဦးဆောင်သူတို့အပေါ် အများပြည်သူတို့၏ ယုံကြည်မှု၊ အားထားမှုတို့ကို ကျဆင်းစေသည်။ ဩဇာအာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူဟုဆိုရာတွင် အောက်ခြေအနိမ့်ဆုံးမှသည် အဆင့်မြင့်တာဝန်ယူထားရသူများအထိပါဝင်ပြီး အဂတိလိုက်စားမှုများနေရာဌာနများစွာတို့တွင် ပျံ့နှံ့နေသည့်အခါ ပြည်သူများက လူမှုစနစ်နှင့် လူ့အဖွဲ့အစည်း၏ ကျင့်ဝတ်သိက္ခာ တန်ဖိုးထားမှုများအပေါ်တွင်ပါ အကောင်းမြင်ရန် ခက်ခဲလာစေသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူလိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာ၊ ဆုတောင်းပြည့်အဏ္ဏဝါဦးစေတီတော်မြတ်တွင်အခြေပြု၍ အဆိုပါမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၅၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) သည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့၊ ဇာဒက်ကြီးကျွန်းရှိ ဓမ္မိကာရာမတပ်ဦးကျောင်း ဆလုံဘိုးဘွားရိပ်သာ၌အခြေပြု၍ ဇာဒက်ကြီးကျွန်းနှင့်အနီး ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၉၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ရွာကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရပြီး လူနေအိမ်တချို့ပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးလ်နိုင်ငံ ဘရာဇီးလျားမြို့၌ ကျင်းပမည့် မြန်မာ-ဘရာဇီးလ်နှစ်နိုင်ငံအကြား စတုတ္ထအကြိမ် နိုင်ငံရေးရာဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ ဘရာဇီးလ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

အိမ်တိုင်းအိမ်တိုင်းက မီးကိုကြိုတင်ကာကွယ်တားဆီးနိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားသည် -

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

ရေကြောင်း သတိပေးချက်

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ကျန်းမာရေးဆိပ်ခံတံတားမှ ရန်ကုန်မြစ်ဝရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကမ်းလွန်ရေကြောင်းပြစခန်း (Offshore Fixed Pilot Station) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ကျောက်တန်းမြို့နယ် သီတာမြိုင်ရပ်ကွက်ရှိ နေကြာပန်းကဏန်းပျော့မွေးမြူရေး ကုမ္ပဏီလီမိတက်၏ ကဏန်းပျော့မွေးမြူရေးကန် ၂၅ ကန်၌ တစ်နှစ်လျှင် ကဏန်းပျော့တန်ချိန် ၂၀၀ ခန့်ထုတ်လုပ်၍ ပြည်တွင်းရှိ ဟိုတယ်နှင့်စားသောက်ဆိုင်များသို့ တင်ပို့ဖြန့်ဖြူးရောင်းချနေမှုနှင့် စွန့်ပစ်ပစ္စည်းများဖြစ်သည့် အရေလဲထားသော ကဏန်းအရေခွံ၊ ကဏန်းအသေတို့မှ ကဏန်းအမိုင်နိုအော်ဂဲနစ် သဘာဝမြေဩဇာများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှု အရည်အသွေးမြှင့်တင်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် အားကစားကွင်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

အပြည်ပြည်ဆိုင်ရာအကောက်ခွန်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်) ဇေယျာသီဟခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အကောက်ခွန်ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့သို့ ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်တွင် ချုံချင့်မြူနီစီပယ်အစိုးရ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်က ဆောင်ရွက်လျက်ရှိသည့် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် လာရောက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ တည်းခိုနေထိုင်မည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားသောက်မည့်နေရာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းရောင်းချမည့် ဆိုင်ခန်းနေရာများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ Cluster - 9 စားရိပ်သာရှိ ချက်ပြုတ်ပြင်ဆင်မည့်နေရာများနှင့် အသီးအရွက်သိုလှောင်ထားရှိမည့် အခန်းများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2025

(၇၇)ကြိမ်မြောက် တိပိဋကဓရတိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ (၁၇)ပါးမြောက် ဘွဲ့တံဆိပ်တော်မြတ်ရရှိတော်မူသည့် ဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်