Skip to main content

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားတက်ရောက်

မန္တလေး ဩဂုတ် ၁၅

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (မန္တလေးတိုင်းဒေသကြီး အဆင့်) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ ဆေးရုံအုပ်ကြီးများ၊ အသင်းအဖွဲ့များနှင့် နှီးနွှယ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး ကျောင်းသား ကျောင်းသူများက ကျောင်း ကျန်းမာရေးသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။

အခမ်းအနားတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ မှတ်တမ်းဗီဒီယိုကို ပြသသည်။

ထို့နောက် ကျောင်းသား ကျောင်းသူတစ်ဦးစီ၏ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းတွင် အတန်းအလိုက် ဖြည့်သွင်းထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဗီတာမင်အေဆေး၊ သန်ချဆေးနှင့် သံဓာတ်ဆေးပြားများ တိုက်ကျွေးမှုနှင့် အာဟာရဖြည့်စွက်စာကျွေးမွေးနေမှုများကို ကြည့်ရှုအားပေးသည်။

ညနေပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားခန်းမ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးရိုးရာခြင်းလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး မြန်မာ့လက်ရွေးစင်အားကစားသမားများမှ မြန်မာ့ရိုးရာခြင်းလုံး အလှခတ်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးရိုးရာခြင်းလုံးဆပ်ကော်မတီမှ နာယကနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများက အတိုးတက်ဆုံးအားကစားသမားဆုနှင့် အတိုးတက်ဆုံးအသင်းဆု၊ ပထမ၊ ဒုတိယ၊ တတိယနှင့် ပထမတံခွန်စိုက်ဆုဖလား ရရှိသည့် အသင်းတို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။

သတင်းစဉ်