Skip to main content

PDF အမည်ခံအကြမ်းဖက်သမားများ၏ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုများကြောင့် ပုလဲမြို့ မြသိန်းတန်ကျောင်းတိုက်ရှိ ကိုရင် တစ်ပါး ပျံလွန်တော်မူပြီး ဆရာတော် နှစ်ပါး၊ ကိုရင် တစ်ပါးနှင့် ကပ္ပိယတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့အတွင်း ယနေ့ညနေပိုင်းတွင် PDF အမည်ခံ အကြမ်း ဖက်သမားများက လက်လုပ်လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းကြောင့် မြသိန်းတန် ကျောင်းတိုက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး ဆရာတော် နှစ်ပါး၊ ကိုရင်တစ်ပါးနှင့် ကပ္ပိယတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းနှင့် ဇီးဖြူကုန်းကျေးရွာ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နှင့် မေ ၁၀ ရက် တို့တွင် လက်လုပ်သေနတ်များ၊ လက်လုပ် စိန်ပြောင်းများဖြင့် လာရောက်နှောင့်ယှက်ပစ် ခတ်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ခုခံကာကွယ်မှုများကြောင့် ၎င်းတို့အထိနာကာ ဆုတ်ခွာထွက်ပြေးခဲ့ရမှုအပေါ် မကျေနပ်ခဲ့သည့်အတွက် ယနေ့ညနေပိုင်းတွင် ပုလဲမြို့ပေါ်သို့ လက်လုပ်စိန်ပြောင်းများဖြင့် ဦးတည်ရာမဲ့ ရမ်းသန်းပစ်ခတ်မှုများကြောင့် ဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး ဆရာတော် နှစ်ပါး၊ ကိုရင် တစ်ပါးနှင့် ကပ္ပိယ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရ ဆရာတော်များ၊ ကိုရင်နှင့်ကပ္ပိယတို့အား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်