နေပြည်တော် မေ ၁၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်ကို ယနေ့ နံနက် ၁၀ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍနှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းဆိုင်ရာကိစ္စ၊ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာကိစ္စ၊ သဘာဝဓာတ်ငွေ့နှင့်အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဆိုင်ရာကိစ္စ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအောင်ဇေယျ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။