May 29, 2022
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်အတွင်းရှိ PDF အမည်ခံ အကြမ်းဖက်သမားများက မေ၂၇ ရက် မွန်းလွဲပိုင်းတွင် ဇယမ ကျေးရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ရက်စက်စွာသတ်ဖြတ်၍ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်တစ်စီးနှင့် အလှူငွေကျပ်သိန်း ၂၀ တို့ကို လုယက်ယူဆောင် သွားကြောင်း သိရသည်။
May 29, 2022
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိရာ မေ ၂၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီးပေါ်၌ ခရီးသည် ဝန်စည်များနှင့်အတူ ရောနှောတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့စားသုံးဆီ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၁၄၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
May 29, 2022
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များကို ငွေကြေးထောက်ပံ့မှုများ ရယူကာ အချို့နေရာများ၌ အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲပစ်ပေါက်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
May 29, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၂၈ ဦးတို့သည့် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် လေ့လာကြသည်။
May 29, 2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။
May 29, 2022
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရှိကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) မှ နယ်လှည့်အထူးကုဆေးအဖွဲ့များသည် မေ ၂၇ ရက်တွင် ကျွန်းစုမြို့နယ် ပြင်စဘုကျွန်းရှိ အခြေခံပညာ မူလတန်းကျောင်း (ခွဲ)၌ အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၃ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
May 29, 2022
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပုညနိမ္မိတာရာမ (ရွှေသုဝဏ်)ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တသဒ္ဓိယ ဆရာတော်ကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် အဆိုပါ ကျောင်းတိုက်၌ ဆင်ယင်ကျင်းပသည်။
May 29, 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ထပ်မံလှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းတို့အနက် တတိယအသုတ်အနေဖြင့် ဆေးထိုးအပ် ၅ ဒသမ ၄ သန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် Sichun Airline ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိကြသည်။
May 29, 2022
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိသည်။
May 29, 2022
ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။