နေပြည်တော် မေ ၂၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ထပ်မံလှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းတို့အနက် တတိယအသုတ်အနေဖြင့် ဆေးထိုးအပ် ၅ ဒသမ ၄ သန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် Sichun Airline ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်ပေးပို့ လှူဒါန်းသွားမည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ထပ်မံလှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းတို့အနက် ပထမအသုတ်အနေဖြင့် Sinopharm ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးငါးသန်း doses နှင့် ဆေးထိုးအပ် နှစ်သန်းသည် မေ ၁၈ ရက်တွင် လည်းကောင်း၊ ဒုတိယအသုတ်အနေဖြင့် ဆေးထိုးအပ် ငါးသန်းသည် မေ ၁၉ ရက်တွင်လည်းကောင်း ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး မေ ၂၉ရက်တွင် ကျန်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ရောက်ရှိလာသည့် ဆေးထိုးအပ်များကို မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်