Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း

နေပြည်တော် မေ ၂၈

ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ပခန်းကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ဝင်းနိမ္မိတာရုံစာသင်တိုက်သို့လည်းကောင်း၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ မဟာမေဃဝံ ကျောင်းတိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ မြို့မကျောင်း တိုက်သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ နန်းတော်ဦးကျောင်းတိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ မြို့လယ်ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ကြကြောင်း သိရသည်။

သတင်းစဉ်