Skip to main content

ဆူပူအကြမ်းဖက်သူ လူအုပ်စုများက လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

နေပြည်တော် မေ ၂၈

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များကို ငွေကြေးထောက်ပံ့မှုများ ရယူကာ အချို့နေရာများ၌ အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲပစ်ပေါက်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ရာ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ မြို့မ(၄)ရပ်ကွက်၊ မြဝတီလမ်းရှိ မြို့နယ်ပညာရေးမှူး ရုံးဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြို့နယ်ပညာရေးမှူးရုံး ဝင်ပေါက်အနီးရှိ ကားဂိုထောင်နှင့် ခြံစည်းရိုးအုတ်တံတိုင်းအကြား၌ အချိုရည်ဘူးခွံဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲ မှုကြောင့် ခြံစည်းရိုးအုတ်တံတိုင်း အနည်းငယ်ကွဲအက်ကာ ကားဂိုထောင် အမိုးသွပ်တစ်ချပ်ပျက်စီး ခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

သတင်းစဉ်