Skip to main content

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ကျွန်းစုမြို့နယ် ပြင်စဘုကျွန်းနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် မေ ၂၈

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) မှ နယ်လှည့်အထူးကုဆေးအဖွဲ့များသည် မေ ၂၇ ရက်တွင် ကျွန်းစုမြို့နယ် ပြင်စဘုကျွန်းရှိ အခြေခံပညာ မူလတန်းကျောင်း (ခွဲ)၌ အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆၃ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၄ ဦး၊ ခွဲစိတ်ရောဂါ ခြောက်ဦး၊ သားဖွား/ မီးယပ်ရောဂါ ရှစ်ဦး၊ ကလေးရောဂါ ရှစ်ဦး၊ အရိုးရောဂါ ကိုးဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ခြောက်ဦး၊ မျက်စိရောဂါ ကိုးဦးနှင့် သွားနှင့်ခံတွင်းရောဂါ သုံးဦး စုစုပေါင်း ၆၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

စမ်းသပ်ကုသပေး

ထို့အပြင် ဓာတ်မှန်ရိုက်လူနာ ခုနစ်ဦး၊အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ငါးဦး၊ ECG ဖြင့် နှလုံးစမ်းသပ် လူနာလေးဦး နှင့်ဓာတ်ခွဲစမ်းသပ်လူနာ ခြောက်ဦးတို့ကိုရောဂါ ရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ယင်းအပြင် ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူသုံးဦးကိုလည်း ဆေးရုံရေယာဉ်ပေါ်၌ ဆေးရုံတင် ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်