Skip to main content

Oct 01, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2022

KNPP နှင့် အမည်ခံ အကြမ်းဖက်သမားများက အရပ်ဖက်လေယာဉ်တစ်စီးအား ရက်စက် ရိုင်းစိုင်းယုတ်မာစွာဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် KNPP အကြမ်းဖက် သောင်းကျန်းသူများအဖွဲ့က ငြင်းဆိုနေမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ဖြေကြားထားပါတယ်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2022

မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ဗဟိုအမှုဆောင်ကော်မတီ (၄/၂၀၂၂) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အသင်းအစည်းအဝေးခန်းမ၌ကျင်းပရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများ၊ ဗဟိုအမှု ဆောင်ကော်မတီဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ တစ်ခု၊ ယာဉ်စီးရေ နှစ်စီးဖြင့် နှာခေါင်းစည်း (Mask) ၁၅ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၂၄၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၆၀၉၃ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်၌ ဒေသခံ ပြည်သူ ၂၆၁၄ ဦးနှင့်မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခရိုင်တို့၌ ဒေသခံပြည်သူ ၃၁၃၃ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2022

ရဲဘော်စိတ်ဟူသည် ရဲဘော် အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ် အပြည့်ထားရှိပြီး အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန် အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Com-mander Spirit)၊ ဖခင်သဖွယ် စိတ်ဓာတ် (Fatherly Spirit)တို့ ဖြင့် ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်သူများက ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရဖြစ်စေသည့် သီးနှံသားငါးများကို နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးများသို့ ရွေ့လျားဈေးရောင်းယာဉ်ဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိရာ ယနေ့ညနေပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)သို့ သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2022

ဝန်ထမ်းများအနေဖြင့် ပညာဝမ်းစာပြည့်ဝစေရန် အမြဲတမ်းစာအုပ်စာပေများများဖတ်ရှု၍ လေ့လာမှတ်သားသင်ယူကြရန် လိုကြောင်း၊ သို့မှသာ အသိပညာ၊ အတတ်ပညာတိုးပွား၍ ဗဟုသုတနှင့် ပြည့်စုံပြီး အရာရာကိုဝေဖန်ပိုင်းခြားနိုင်သည့် လူတော်လူကောင်းများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ အားကစားလောက ဖွံ့ဖြိုးတိုးတက်အောင် ကျရာအခန်းကဏ္ဍမှနေ၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ အခက်အခဲ လိုအပ်ချက်များရှိပါက အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2022

ဒုတိယဝန်ကြီး ဦးဝင်းဖေသည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးတွင် လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ သည်။

ဆက်လက်ဖတ်ရှုရန်