Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့်ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၃၀

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ ရွှေအင်းရိပ်သာကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ သာသနာ့ရက္ခိတကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အနန္တမေတ္တာကျောင်းတိုက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပညာရာမပရိယတ္တိ စာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ တိပိဋကမဟာဂန္ဓာရုံ ကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ သစ္စာဂုဏ်ရည်ကျောင်းတိုက်နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ သာယာကုန်းပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ဗုဒ္ဓခြေတော်ရာ ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော် များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ပညာ စက္ကရာမ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာသုန္ဒရာ ရာမကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်ရှိ မြင်းဝန် မင်းကြီးကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ အောင်ချမ်းသာကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ကလေးဝတောရကျောင်းတိုက်နှင့် ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ မန်ကောင်း ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။

သတင်းစဉ်