ရန်ကုန် စက်တင်ဘာ ၃၀
မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ဗဟိုအမှုဆောင်ကော်မတီ (၄/၂၀၂၂) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အသင်းအစည်းအဝေးခန်းမ၌ကျင်းပရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများ၊ ဗဟိုအမှု ဆောင်ကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းက စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် (၃၅) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို စာဆိုတော်နေ့ ဝန်းကျင်တွင် ရန်ကုန်မြို့၌ အစဉ်အလာမပျက် ကျင်းပမည်ဖြစ်ပြီး စေတနာရှင်၊ အလှူရှင်များနှင့် မြို့နယ်စာရေးဆရာအသင်းများအနေဖြင့် အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ် ၁၇၃/၁၇၅ ၊ (၇) လွှာ၊ ပန်းဆိုးတန်းလမ်း (အလယ်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁ - ၂၅၂၄၁၇၊ ၀၉_ ၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်