Skip to main content

Aug 28, 2022

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ချောက်/လမ်းရွာရေနံမြေရှိ စွမ်းအင်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ-(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၈၁၇)ဧကရှိသောနယ်မြေကို “ပေါက်မြောက်ပိုင်း(၁) ကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၃၀/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း(၁)ရက်(၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၂၇ ရက်မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)သို့ ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ အနော်ရထာလမ်း မင်းကံကြီးရပ်ကွက်ရှိ အဆိုပါအဆောက်အအုံတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန် - ပြည် - မကွေး - မန္တလေး လမ်း (မကွေး - အောင်လံ)လမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

ပြည်တွင်း၌ ဆန်လက်ကျန်နည်းပါးနေ ကြောင်း လူမှုကွန်ရက်စာမျက်နှာများနှင့် မီဒီယာ အချို့တွင် မဟုတ်မမှန် ထုတ်ပြန်မှုများကြောင့် ဆန်ဈေးနှုန်းများ တည်ငြိမ်မှုမရှိသဖြင့် ပြည်သူများသို့ ပြည်တွင်းဆန်လက်ကျန် အခြေအနေမှန်ကို သိရှိစေရန်အတွက် မီဒီယာများက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီးက အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

အိမ်တွင်းမှုအသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများမှ ကျောင်းအခြေပြုသင်တန်း (၄/၂၀၂၂) ဖွင့်လှစ်ရန် သင်တန်းသားခေါ်ယူခြင်း

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၃ ရက်တွင် ကုန်တင်ယာဉ်ခြောက်စီးပေါ်မှ အကောက်ခွန်မဲ့ စက်မှုကုန်ကြမ်းပစ္စည်းများ၊ ဖိနပ်များ၊ အဝတ်လျှော်ဆပ်ပြာဆီအထုပ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော် ကားအပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၅၁၈၅၂)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင် လာသော နောက်တွဲယာဉ်လေးတွဲနှင့် ကုန်တင်ယာဉ်ခြောက်စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅၁၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၈၀၅၁၈၅၂ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင်လူမျိုးမရွေး ဘာသာမရွေး ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်