Skip to main content

Sep 01, 2022

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွေးမြူရေးခြံများမှထွက်ရှိသော ကြက်ချေးဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်နေသော ပဲခူးမြို့နယ် ကမာနတ်ကျေးရွာ အုပ်စုရှိ Myanmar Agro Eagle Co., Ltd ၊ ထန်းပင်ချောင်ကျေးရွာအုပ်စုရှိ CPP Myat Min Agro Co., Ltd နှင့် အင်းတကော်မြို့ရှိ Royal GreenSmartCo., Ltd တို့မှ အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်သည့် စက်ရုံများသို့ ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံများက အော်ဂဲနစ်မြေဩဇာထုတ်လုပ်မှု အဆင့်ဆင့်၊ ပါဝင်ပစ္စည်းများနှင့် ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2022

အမျိုးသားပြတိုက် (နေပြည်တော်) ၌ ဗုဒ္ဓအနုပညာပြခန်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်ပြခန်း နှစ်ခန်း ထပ်မံတိုးချဲ့ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2022

ပေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်း စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ရွက်အနီး ပေါင်းလောင်းမြစ်ရေပြင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2022

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၄ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “လှပသာယာ ပြည်မြန်မာ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှု၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့် သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2022

မျက်မှောက်ကာလတွင် ပြည်သူတို့၏ နေ့စဉ်လူမှုစီးပွားဘဝ၌ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများမှာ လိုအပ်သောကုန်ပစ္စည်းများကို အမြဲအတက်ဈေးဖြင့် ဝယ်ယူသုံးစွဲနေရခြင်း ဖြစ်သည်။ လူသုံးကုန်၊ စားသုံးကုန် အထူးသဖြင့် ပြည်ပသွင်းကုန်ပစ္စည်းမျိုးစုံတို့မှာ တစ်နေ့ထက်တစ်နေ့ ဈေးနှုန်းမြင့်မားလာခြင်းနှင့် ကြုံတွေ့နေရပေသည်။ အကျိုးဆက်မှာ ငွေကြေးဖောင်းပွမှုမြင့်မားလာပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာသည်။

ဆက်လက်ဖတ်ရှုရန်