Mar 25, 2025
“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲကို မတ် ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ သုံးရက်တာ ကျင်းပလျက်ရှိသည်။
Mar 25, 2025
“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့”ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk 2025 ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
Mar 25, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း
Mar 25, 2025
ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ရေကောင်းရေသန့်၏ အရေးကြီးပုံများကို အသိပညာပေးရန်၊ ရေအရင်းအမြစ်များကို ရေရှည်စနစ်တကျ အသုံးပြုနိုင်ရေး စီမံခန့်ခွဲမှုများကို အားပေးရန်၊ ကမ္ဘာ့လူဦးရေ၏ သိသာသောအချိုးနှင့် အရေအတွက်တစ်ခုသည် သန့်ရှင်းသည့်ရေမရရှိသည့် ဒေသများတွင် နေထိုင်ကြရပြီး ရေအခက်အခဲများနှင့် ကြုံတွေ့နေရသည်များကို သတိပြုမိစေရန်၊ ရေအခက်အခဲများနှင့်ပတ်သက်ပြီး ဖြေရှင်းနိုင်ရန်တို့အတွက် လိုအပ်ချက်များကို တွန်းအားပေးရန်နှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၀၂၀ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် အမှတ်(၆)ဖြစ်သည့် လူတိုင်းလုံခြုံဘေးကင်းသန့်ရှင်းသည့် သောက်သုံးရေရရှိနိုင်စေရန် တိုးမြှင့်ဆောင်ရွက်နိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့ရေနေ့သတ်မှတ်ပြီး အခမ်းအနားများ ကျင်းပလျက်ရှိသည်။
Mar 25, 2025
မကြာသေးမီရက်ပိုင်းအတွင်းက လူမှုကွန်ရက်တွင် ထုတ်လွှင့်ခဲ့သည့် တေးသီချင်းဗီဒီယိုတစ်ပုဒ်နှင့် စပ်လျဉ်း၍ မြန်မာ့တူရိယာဗုံနှင့် ပတ်စများကို ပြက်ရယ်ပြု စော်ကားသည့်သဖွယ် သရုပ်ပျက်ကပြဖျော်ဖြေခြင်း၊ ညစ်ညမ်းသည့် အဓိပ္ပာယ်ပေါက်စေနိုင်သည့် အဓိပ္ပာယ်နှစ်ခွစာသားများဖြင့် ဖန်တီးထားခြင်းဟူသည့် အချက်တို့အပေါ် ဝေဖန်သုံးသပ်မှုများစွာ ထွက်ပေါ်ခဲ့သည်။ အခြားလူမှုကွန်ရက် ဗီဒီယိုတစ်ပုဒ်တွင်လည်း မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးရှေ့တွင် မြန်မာမင်းသမီးဝတ်စုံဖြင့် အနောက်တိုင်း ခေတ်ပေါ်အကပုံစံ လိင်အသားပေးလှုပ်ရှား ကပြထုတ်လွှင့်ခဲ့သည့်အပေါ် ဝေဖန်မှုတို့ စုံလင်စွာထွက်ပေါ်ခဲ့သည်။ တစ်ဆက်တည်းမှာပင် နိုင်ငံခြားရောက် မြန်မာတို့၏ ကာလ၊ ဒေသနှင့် မလျော်ကန်သော အနေအထိုင်အပြုအမူများကြောင့် မြန်မာလူမျိုးများအား အလုပ်အကိုင်ပေးအပ်မှုအပေါ် ကန့်သတ်လာမှုများ၊ အချို့နေရာများတွင် “မြန်မာလူမျိုးမဝင်ရ” ဟူ၍ပင် စာရေးသားချိတ်ဆွဲတားဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
Mar 24, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု(Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ အထူးသဖြင့် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု ပုံစံ(Trilateral Cooperation)တို့ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- မယ်ထော်သလေးနယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၃၀ ဦးနှင့် လာအိုနိုင်ငံသား ၂၃ ဦးတို့ကို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ယနေ့တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၂၃၀ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
Mar 24, 2025
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မိုးဖြူကျေးရွာနှင့် မိုးကွဲကျေးရွာတို့ကို မတ်လ ၂၁ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၅၀ ကျော်ကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရသည်။
Mar 24, 2025
၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။
Mar 24, 2025
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Mar 24, 2025
အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Mar 24, 2025
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၆-၃-၂၀၂၅) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၂၃-၃-၂၀၂၅) ရက်နေ့၊ ည(၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၄၁၇)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Mar 24, 2025
မတ် ၂၁ ရက်က နေပြည်တော်၌ ကျင်းပသော ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နီပေါဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားသို့ သွားရောက်ဖူးမြော်ကြသည်။
Mar 24, 2025
ရေစကြိုဆရာတော်တိပိဋက ဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ သက်တော်(၇၀)ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကျန်စစ်သားလမ်းရှိ တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်(၁)၌ ကျင်းပသည်။
Mar 24, 2025
ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် အဆင့်မြင့်တာရာဇိုကြမ်းခင်းနှင့် ရင်ပြင်တော်နေပူခံစကျင်ကျောက်ပြား ခင်းကျင်းမှုအပိုင်း(၁)အောင်ပွဲ ရေစက်သွန်းလောင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါစေတီတော်၌ ကျင်းပသည်။
Mar 24, 2025
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်အားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ (၅၈)ကြိမ်၊ (၅၉)ကြိမ်နှင့်အကြိမ်(၆၀) မြောက်ဘွဲ့နှင်းသဘင်ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ညနေပိုင်းတွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်၏မြက်ခင်းပြင်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဘွဲ့ရကျောင်းသား ကျောင်းသူများ၏ မိဘများ တက်ရောက်ကြသည်။
Mar 24, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မတ် ၂၀ ရက်မှ ၂၂ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ သာစည် - ရွှေညောင်ရထားလမ်းပိုင်းအခြေအနေ၊ လွန်းထိုးနေရာများနှင့် ဆင်တောင် - မြင်းဒိုက်ဘူတာကြားရှိ ကမ်းပါးနီဥမင် အဝင်/အထွက်နေရာများ၊ အဆိုပါရထားလမ်းပိုင်းရှိ ရွှေမင်းဖုန်းဒေသတွင် ရေထုတ်မြောင်းတူးဖော်ခြင်းနှင့် ယာယီရှောင်ကွင်း ရထားလမ်းတာပေါင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Mar 24, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ ပျဉ်းမနား-နေပြည်တော်(၁) မဟာဓာတ်အားလိုင်း လိုင်းအူကြောင်းပြောင်းရွှေ့ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 24, 2025
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ ကျင်းပသည်။
Mar 24, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ချမ်းမြေ့သာ သစ်အချောထည် စက်ရုံ၌ ကျွန်း၊ မန်ဂျန်ရှားနှင့် ရော်ဘာသစ်အချောထည် ပရိဘောဂများ ထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 24, 2025
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် အမှတ်(၆)ရပ်ကွက် (၂၉)လမ်းနှင့်(၃၀)လမ်းကြား မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန်ရွှေဆိုင်၌ မတ် ၂၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဆိုင်ပိုင်ရှင်၏ သမီးဖြစ်သူ မမြတ်သဉ္ဇာမိုး(၂၃)နှစ်သည် ဆိုင်ဝန်ထမ်းအမျိုးသမီး ခုနစ်ဦးတို့နှင့်အတူရှိနေစဉ် နှာခေါင်းစည်းများ တပ်ဆင်ထားသည့် အမျိုးသားလေးဦး(စိစစ်ဆဲ)သည် ဆိုင်အတွင်း ဝင်ရောက်လာပြီး ၎င်းတို့ လေးဦးအနက် တစ်ဦးကသေနတ်အတို တစ်လက်အားကိုင်ဆောင်ကာ သေနတ်ပြခြိမ်းခြောက်ပြီး မှန်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၂၀ ကျပ်သားခန့် (တန်ဖိုးငွေကျပ်သိန်း ၁၂၀၀ ခန့်)အား လုယက်ယူဆောင်ထွက်ပြေး သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သတင်းအရပန်းဘဲတန်း မြို့မရဲစခန်း၌ (ပ)၃၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
