Skip to main content

Mar 24, 2025

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာမှအဖွဲ့ အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်း ဆောင်ရွက်လျက်ရှိရာ မြဝတီမြို့-မယ်ထော် သလေးနယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ် နိုင်ငံသား ၁၆၀ ကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး(၂ /၂၀၂၅)ကို ယမန်နေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း စတင်ကပ်လှူခြင်းနှင့် ရွှေဆိုင်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းထက်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

နှစ်(၈၀)ပြည့်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများမှ တပ်မတော် (ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီးစစ်ရေးပြ တပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အမျိုးသမီး စစ်ရေးပြတပ်ခွဲတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအားသွားရောက်ဖူးမြော် ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသို့ ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာသို့ သွားရောက်၍ တောင်သူဦးသန်းမြင့်၏ ပီလောပီနံစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း၌ ပီလောပီနံများရေဆေးသန့်စင်ကြိတ်ခွဲခြင်း၊ အခြောက်လှန်းခြင်းလုပ်ငန်းများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကလောခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

မတ် ၂၁ ရက်က နေပြည်တော်၌ကျင်းပသော “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည့် ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အီတလီနိုင်ငံတို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် လေ့လာသုံးသပ်သူများသည် ယနေ့တွင် ရန်ကုန်မြို့မှ သက်ဆိုင်ရာနိုင်ငံများသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံး၌ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ခရိုင်/ မြို့နယ်စာရင်းစစ်ရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်ရှိ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

မတ် ၂၁ ရက်က နေပြည်တော်၌ ကျင်းပသော ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နီပေါဝန်ကြီးချုပ်ဟောင်း Mr. Madhav Kumar Nepal နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားသို့ သွားရောက်ဖူးမြော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ထိုသို့တည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှဘိလပ်မြေများကို တင်သွင်းခွင့်ပြုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

(၆၅)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

​​​​​​​ဗဟုဝင်ရိုးကမ္ဘာဟုဆိုသည့် ဝင်ရိုးစုံကမ္ဘာ (Multipolar World)သည် ယခင်က ကမ္ဘာ့စင်မြင့်ပေါ်တွင် အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံတည်းက လွှမ်းမိုးကြီးစိုးခဲ့ရာမှ ယခုအခါအဆိုပါအခင်းအကျင်းများနှင့် မတူတော့ဘဲ နိုင်ငံများစွာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများစွာတို့သည် သိသာထင်ရှားသော စုစည်းမှုစွမ်းအားများဖြာထွက်လာပြီး ကမ္ဘာ့စင်မြင့်ပေါ်တွင် နိုင်ငံစုံဩဇာသက်ရောက်လာသည့် အစီအစဉ်သစ်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2025

​​​​​​​နိုင်ငံတစ်နိုင်ငံဟူသည် ပိုင်နက်နယ်နိမိတ် ယင်းနယ်နိမိတ်အတွင်း နေထိုင်သည့် ပြည်သူများ၊ အုပ်ချုပ်သည့်အစိုးရနှင့် အချုပ်အခြာအာဏာဟူသော ဥပဓိရုပ်‌လေးရပ်နှင့် ပြည့်စုံရန်လိုအပ်သည်။ သို့ရာတွင်ယင်းဥပဓိရုပ်လေးရပ် တွေ့ဆုံရုံမျှသည် မည်ကာမတ္တ နိုင်ငံမျှသာဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ အလယ်တွင် ထည်ထည်ဝါဝါရပ်တည်နိုင်သည့် နိုင်ငံဖြစ်လာစေရန်အတွက်မူ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးဟူသည့် စွမ်းအားများနှင့်ပြည့်စုံပြီး အင်အားခိုင်မာ‌တောင့်တင်းလာအောင် မိမိနိုင်ငံတွင် ပိုင်ဆိုင်ထားသည့် အရင်းအမြစ်တို့ကို အထိရောက်ဆုံးအသုံးချကာ တည်‌ဆောက်ကြရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2025

ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ တိုင်းရင်းသားရိုးရာအကနှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2025

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့၀င်များ၊ ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့တွင် ဇီ၀ဗေဒနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအား‌ပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်