နေပြည်တော် ဩဂုတ် ၂၃
မြို့နယ်အသီးသီးရှိ ဘုန်းတော် ကြီးကျောင်းများ၊ သာသနာ့ နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်း | များ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ် ရေးမြို့နယ် ပုပ္ပဝတီကျေးရွာရှိ ပုပ္ပရာမကျောင်း တိုက်၊ အစင်စံပြကျေးရွာရှိ သာသနာ့ဇောတိကကျောင်းတိုက်နှင့် ထန်းခြောက်ပင်ကျောင်း တိုက်များသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်၍ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး အထောက်အကူပြု ဆေးဝါးများကို ဆက်ကပ်လှူဒါန်းကြ သည်။
အလားတူ ရန်ကုန်တိုင်းဒေသ ကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့၊ ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက်ရှိ ဓမ္မာရုံကျောင်းတိုက်၊ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာရှိ အောင်စည်တော်ဓမ္မသိုက်တပ်ဦး ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အောင်ဓမ္မ ပါလသာသနာ့ ဗိမာန်တော်၊ အိမ်မဲမြို့ရှိ ကွင်းကျောင်းစာသင်တိုက်၊ ကျောက်ဝိုင်းမဟာစည် သာသနာ့ရိပ်သာကျောင်းတိုက်၊
မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မဟာဝေယန် ဘုံသာတိုက်၊ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ငဖဲမြို့ မိုးကုတ်ဝိပဿနာကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ စန္ဒာရုံရပ်ကွက်ရှိ နန္ဒဝန်ဓမ္မရိပ်သာ ကျောင်းတိုက်နှင့် ဗိုလ်တစ်ထောင် ရပ်ကွက်ရှိ သာသနာ့ဝေပုလ္လကာရီ သီလရှင်ကျောင်းတို့ရှိဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များကို ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော် သူများက သွားရောက်ဆက်ကပ်သည်။ သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်