Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးဆိုင်ရာဆေးဝါး၊ ဆေးပစ္စည်းများနှင့်ပတ်သက်၍ တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင်စေရန် တင်သွင်းဆေးဝါးများ၏ Price List များအား မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ Website နှင့် Facebook Page များတွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်

 

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းသည် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ကုသရေးဆိုင်ရာ ဆေးဝါး၊ ဆေးပစ္စည်းမျိုးစုံတို့ကို အများပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် တင်သွင်းသူများထံမှ တိုက်ရိုက်ဝယ်ယူရရှိနိုင်စေရန်အတွက်လည်းကောင်း၊ အရည်အသွေး စစ်မှန်၍ ယုံကြည်စိတ်ချရသော မှတ်ပုံတင်ရှိ ဆေးဝါး၊ ဆေးပစ္စည်းများကို တင်သွင်းသည့် ကုမ္ပဏီများထံမှ တိုက်ရိုက်ဝယ်ယူနိုင်စေရန် အတွက်လည်း ကောင်း၊ အများပြည်သူများ ဆေးဝါး၊ ဆေးပစ္စည်းများ လက်လီဝယ်ယူရာတွင် တင်သွင်းသော ကုမ္ပဏီများမှ ရောင်းဈေးနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်းဈေးကြီးပေး၍ ဝယ်ယူနေရခြင်းကို လျှော့ချတားဆီး နိုင်ရန်အတွက် လည်းကောင်း၊ တရားမဝင် Online များမှ အမြတ်ကြီးစားရောင်းချသည့် မှတ်ပုံတင်မရှိသော၊ အရည်အသွေး အာမခံချက်မရှိသော ဆေးဝါး၊ ဆေးပစ္စည်းများကို တားဆီးရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် လည်းကောင်း အစရှိသည့်ရည်ရွယ်ချက်ကောင်းများစွာဖြင့် အောက်ဖော်ပြပါ ဆေးဝါးများအား ယှဉ်တွဲပါ ဈေးနှုန်းများအတိုင်း ရောင်းချပေးလျက်ရှိပါသည်။ ၎င်းအပြင် အသင်းဝင်ဆေးဝါးတင်သွင်းသည့် ကုမ္ပဏီများထံမှ မိဘပြည်သူများ တိုက်ရိုက် ချိတ်ဆက်ဝယ်ယူနိုင်စေရန် တင်သွင်းဆေးဝါးများ၏ Price List များအား စုစည်း၍ ယနေ့မှစပြီး တစ်ပတ်လျှင်တစ်ကြိမ် အသင်း၏ Website(www.mccpmd.org)နှင့် Facebook Page https://www.facebook.com/323302521392189/posts/1720802588308835/?d=n များတွင် ကြေညာပေးသွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

(၁၀၀)