Skip to main content

Aug 24, 2021

ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာ့လူသားတို့အပေါ် ကျန်းမာရေးကဏ္ဍ ကိုသာမက အခြားကဏ္ဍများကိုပါ ထိခိုက်မှုကြီးမားသည်။ ကိုဗစ်-၁၉ ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့နေစဉ်အတွင်း ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ အထိနာခဲ့ရာ နိုင်ငံငယ်များအဖို့မူ ဆိုဖွယ်ရာမရှိတော့။ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် မြို့များ အလုံပိတ်၊ သွားလာမှုများ တားဆီးကန့်သတ်၊ တစ်နေရာနှင့်တစ်နေရာ ကူးသန်းသွားလာမှုများ ရပ်တန့်၊ နယ်စပ်ဖြတ်သန်း မှုများကို ပိတ်ဆို့၊ နိုင်ငံအတွင်းသို့ ရေကြောင်း၊ လေကြောင်းဝင်ပေါက်များ ပိတ်ထားခြင်း အားဖြင့် ရောဂါကူးစက်မှုများ လျှော့ချတားဆီးနိုင်သည်နှင့် တစ်ဆက်တည်းမှာပင် နိုင်ငံစီးပွားရေး ကျုံ့ဝင်သွားခြင်း၊ ကျဆင်း သွားခြင်းတို့ကိုပါ တွေ့ကြုံလာကြရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

လယ်ယာကဏ္ဍတွင် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့ပြီးနောက်ပိုင်း လုပ်ငန်းစဉ်များ အထိ စက်ကိရိယာများကို အသုံးပြုလုပ်ကိုင်မှု ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ အဆိုပါ စက်ကိရိယာများနှင့် ပတ်သက်သည့် စီမံခန့်ခွဲခြင်း၊ တီထွင် ဆန်းသစ်ခြင်း၊ လက်တွေ့အသုံးချ သုတေသနဆောင်ရွက်ခြင်း လုပ်ငန်းများအတွက် လိုအပ်လာလျက်ရှိသည့် စိုက်ပျိုးရေး အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၌ PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က တန်ပိုယာဉ်ဖြတ်သန်းခ ကောက်ခံရေးဂိတ်အား ဝင်ရောက်ဖျက်ဆီးမီးရှို့၍ ဂိတ်တာဝန်ကျ ကုမ္ပဏီဝန်ထမ်းများအား ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

(၄၂) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (42nd General Assembly of ASEAN Inter-Parliamentary Assembly)ကို ဘရူနိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ယနေ့ နံနက် ၈ နာရီခွဲက Virtual စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉)ကြိမ်မြောက် ညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုး သက်ရောက်မှုရှိသော ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန်နှင့် ဆေးဝါးများ စနစ်တကျ မှတ်ပုံတင်ထားရှိရန်တို့နှင့် ပတ်သက်၍ အမျိုးသားဆေးဝါးဥပဒေပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အချိန်နှင့်တစ်ပြေးညီ ပြည်သူလူထုအား သိရှိစေရန် အချက်အလက်များကို ထုတ်ပြန်ကြေညာပေးလျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၁ ရက်တွင် မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၃၅ ဦး၊ အမျိုးသမီး ၂၂၆ ဦး၊ စုစုပေါင်း ၄၆၁ ဦး ကို မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ် ဝင်/ထွက်ပေါက် နန်းတော်ဂိတ်မှတစ်ဆင့် လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၁ ရက်တွင် မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၃၅ ဦး၊ အမျိုးသမီး ၂၂၆ ဦး၊ စုစုပေါင်း ၄၆၁ ဦး ကို မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ် ဝင်/ထွက်ပေါက် နန်းတော်ဂိတ်မှတစ်ဆင့် လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များ ဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်း များ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ သဘာဝမြစ်ချောင်း၊ အင်းအိုင်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်း ကျေးလက်နေပြည်သူများ ငါးရိက္ခာများ ပိုမိုစားသုံးနိုင်ရေးရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို အကျော်ကျေးရွာ အကျော်ချောင်းမ၌ ဩဂုတ် ၂၀ ရက်ပိုင်းက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသော ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ သာသနာ့ပါလမွန်ကျောင်းတိုက်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမျူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်၌ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အထောက်အကူပြု ဆေးဝါးများကို ဆက်ကပ်လှူဒါန်း ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေပဲ အမြန်ဆုံးဝင်ရောက်နိုင်ရေးအတွက် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခွင့်ပြုပေးလျက်ရှိရာ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာထားသည့် ဩဂုတ် ၂၃ ရက်မှ ၃၁ ရက် အတွင်း၌လည်း အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 23, 2021

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ပေကျင်းမြို့ရှိမြန်မာသံရုံး၊ စစ်သံရုံးတို့မှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ တင်ဆောင် လာသည့် Air China လေယာဉ်သည် ပေကျင်းမြို့မှ ယနေ့ညနေ ၆ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ အဆိုပါဆေးနှင့်ဆေးပစ္စည်းများကို ဒဂုံမြို့နယ်ရှိ နယ်မြေခံ တပ်မတော်ဆေးရုံမှ ဗိုလ်မှူးကြီး ဇော်မျိုးဟန်နှင့် ကျန်းမာရေး ၀န်ကြီးဌာနမှ တာ၀န်ရှိသူများက လက်ခံရယူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်