Skip to main content

Sep 06, 2021

သက်ရှိတို့သည် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာတည်းဟူသော ရုပ်ပေါင်းရှစ်ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ထိုရုပ်ရှစ်ခုတို့သည် တစ်ခုနှင့်တစ်ခုခွဲခြား၍မရစကောင်းဟု ဆိုသည်။ ကမ္ဘာလောကတစ်ခုလုံးတွင် ဤရုပ်ရှစ်ခုအပေါင်းသည် အခြေခံအကျဆုံးရုပ်အစုများ ဖြစ်သည်။ သစ်ပင်၊ တောတောင်၊ ရေမြေ၊ တိရစ္ဆာန်တို့မှစ၍ သက်ရှိ၊ သက်မဲ့ ရုပ်ဓာတ်မှန်သမျှသည် ဤရှစ်မျိုးဖြင့် အခြေခံအကျဆုံးပေါင်းစည်း ဖြစ်ပေါ်နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 06, 2021

သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသည့် ရှမ်းပြည်နယ်၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးမြှင့် လုပ်ကိုင်နိုင်ရေး၊ ဈေးကွက်ဆိုင်ရာအခက်အခဲများ ကျော်လွှားနိုင်ရေးနှင့် တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်ရောင်းချနိုင်ရေး၊ မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးလာရေး တို့အတွက် လိုအပ်ချက်များ

ဆက်လက်ဖတ်ရှုရန်

Sep 06, 2021

ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန် Titans Thiha Group of Co., Ltdı Mingalar Than Myaint Energy Co.,Ltd နှင့် ဌေးနန္ဒာမြင့် ကင်ဆာဖောင်ဒေးရှင်းတို့က ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများကို ယနေ့မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ လာရောက်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Sep 06, 2021

မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအခင်းအကျင်းတွင် ယဉ်ကျေးမှုကဏ္ဍသည် ရှေ့တန်းသို့ ရောက်ရှိလာသည်ဟု ပညာရှင်တို့က ဆိုကြသည်။ ကမ္ဘာ့နိုင်ငံများအချင်းချင်း ပခုံးချင်းယှဉ်ကြရာတွင် အင်အား(Power)က စကားပြောသည်။ ကမ္ဘာ့နိုင်ငံရေးသည် အင်အား နိုင်ငံရေး (Power Politics)ပင်ဖြစ်ရာ

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက ပတ်ကင်း/လှည့်ကင်းများ ဆောင်ရွက်စဉ် တရုတ်တန်း (၄)ရပ်၊ ရွှေဂွမ်းထုပ်ရပ်ကွက်၊ တောင်သမန်ကန်ပတ်လမ်း အရောက်တွင် လမ်းဘေး၌ ရပ်တန့်ထားသည့် Dream 110 အမျိုးအစား မော်တော်ဆိုင်ကယ်အမှတ်၊ ၁ယ/---- မှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း (၅-၉-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ရွှေညောင်မြို့ အားကစားကွင်းနှင့် မြို့နယ်ဦးစီးဌာနရုံးနှင့် နေအိမ် တည်ဆောက်နေမှုနှင့် အောင်ပန်းမြို့နယ် အားကစားကွင်းတို့ကို ကြည့်ရှုစစ်ဆေး ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၄ ရက်ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ မျိုးချစ်ပန်းခြံရှိ Congress စင်တာတွင် ကျင်းပ ပြုလုပ်သည့် International Army Games-2021 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသူနှင့် ဆေးမထိုးထားသူတို့ ရောဂါကူးစက်ခံရပါက ခံစားရသည့် အခြေအနေနှင့်ပတ်သက်၍ ဆရာဝန်တစ်ဦးလည်းဖြစ်၊ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူလည်းဖြစ်သည့် မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးမှ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာကြည်စိုးနှင့် တွေ့ဆုံမေးမြန်း ရေးသားလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို နိုင်ငံတော်အစိုးရက တစ်နိုင်ငံလုံးတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများသည် ကာကွယ်ဆေးမထိုးနှံရသေးသူများထက် ခံနိုင်ရည်ရှိသည်ကို ဆေးပညာ ရပ်ဆိုင်ရာ ပညာရှင်များက ဆိုထားသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ခံခဲ့ရသော်လည်း ကာကွယ်ဆေးထိုးနှံထားသည့်အတွက် ပြန်လည်ကောင်းမွန်လာသည့် သူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီကိုးခုမှ Eprex 4000 Injection ၉၅၇ ခုı Durapen ၉၄၀၁ ခု၊ Clarithromycin Tablets ၅၀၀၊ Azithromycin Anhydrous ၄၀၀၀၊ Endoxan Tablets ၅၀၀၊ Vinoxarin Injection ၂၀၁၅၂ ခု၊ Cresp Injection ၂၀၀၀၊ Favtris Tablets ၅၀၁၁ ခု၊ Silex 1G Powder For Injection ၁၀ ခု၊ အိမ်သုံး အောက်ဆီဂျင်စက် ခြောက်ခု၊ ရန်ကုန် ဆိပ်ကမ်းများမှ Raw For Medicine ၁၁၀၀၀ ကီလိုဂရမ်၊ အိမ်သုံးအောက်ဆီဂျင်စက် ၄၄၀၊ Surgical Face Mask ၃၆၀၀၀၊ Oxygen Plant ၉ ခု၊ ဆေးဝါးမျိုးစုံ ၆၉၅၉၀ ကီလိုဂရမ်၊ နယ်စပ်(ချင်းရွှေဟော်၊ မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ကိုးကန့်)တွင် ကုမ္ပဏီ ၂၄ ခုတို့မှ

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

နောက်ဗိုင်းရပ်စ် အကြိုက်ဆုံးက မည်သူမဆို ကိုဗစ်စည်းကမ်းတွေကို ဖောက်တယ်ဆိုရင် သူ့အနေနဲ့ ဝင်မှာဖြစ်ပါတယ်(ဒေါက်တာ သန်းနိုင်စိုး) မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ အကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြ လိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးတို့သည် တိုင်းဒေသကြီးဝန်ကြီးများ နှင့်အတူ ပြင်ဦးလွင်မြို့နယ် သက္ကံချိုင်းကျေးရွာရှိ Haewoo Myanmar Co.,Ltd Dextrose Monohydrate ဂေါ်ဖီထုပ်၊ မုန်လာဥနီအခြောက်ခံ စက်ရုံသို့ ယနေ့ နံနက် ၁၀ နာရီခွဲက ရောက်ရှိလာရာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးမင်းနှင့် စက်ရုံမှတာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များ တွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက်ရှိ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် ပဲခူးမြို့ နန်းတော်ရာရပ်ကွက် ဥယျာသီရိစာသင်တိုက်သို့ သွားရောက်၍ စာသင်တိုက်တစ်ခုလျှင် ဆန်အိတ် ၅၀၊ ဆီပိဿာ ၅၀၊ ကုလားပဲ သုံးအိတ်၊ ကြက်ဥအလုံး ၁၀၀၀ နှင့် ဆားငါးအိတ်တို့ကို သွားရောက်လှူဒါန်းသည်။ ။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်မှု အခြေအနေ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂ ရက်နှင့် စက်တင်ဘာ ၃ ရက်တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၇၇ ဦး၊ အမျိုးသမီး ၁၅၃ ဦး၊ စုစုပေါင်း ၃၃၀ ဦး၊ ချင်းရွှေဟော်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦး၊ လောက်ကိုင်မြို့သို့ ဝင်ရောက်လာသည့် အမျိုးသား ၁ ဦးကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂၃ ဦး၊ အမျိုးသမီး ၈၀ ဦး၊ စုစုပေါင်း ၂၀၃ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကုသရေး ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှုကြောင့် ထပ်မံဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင်ကူညီ ဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော အဖွဲ့က သွားရောက် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့တွင် မီးရထားရဲတပ်ဖွဲ့မှ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၆ ဦးသည် လက်နက်/ခဲယမ်းများနှင့်အတူ အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန်မြို့ပတ်ရထားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိရာ ၎င်းတို့အား အလုံဘူတာနှင့် ပန်းလှိုင်အကြားတွင် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့မှ ‌သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက် ၄ လက်နှင့် ခဲယမ်းအချို့ကို အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Sep 05, 2021

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးတို့သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ပြင်ဦးလွင်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံ ခုတင်(၇၀၀)တွင် အရပ်ဘက်မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် လူနာများကို ကုသစောင့်ရှောက်ပေးခဲ့ကြ သည့် ဆရာဝန်၊ သူနာပြုနှင့် ဆေးဝန်ထမ်းများအား ဂုဏ်ပြုသည့် အခမ်းအနားသို့ ယနေ့နံနက် ၉ နာရီက ရောက်ရှိလာရာ အဆိုပါ ဆေးရုံမှ ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ် မျိုးသန့်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်