Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်သူများကြောင့် တည်ငြိမ်အေးချမ်းစွာ နေထိုင် လိုသည့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

မန္တလေးတိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်သူများကြောင့် တည်ငြိမ်အေးချမ်းစွာ နေထိုင် လိုသည့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် စက်တင်ဘာ - ၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက ပတ်ကင်း/လှည့်ကင်းများ ဆောင်ရွက်စဉ် တရုတ်တန်း (၄)ရပ်၊ ရွှေဂွမ်းထုပ်ရပ်ကွက်၊ တောင်သမန်ကန်ပတ်လမ်း အရောက်တွင် လမ်းဘေး၌ ရပ်တန့်ထားသည့် Dream 110 အမျိုးအစား မော်တော်ဆိုင်ကယ်အမှတ်၊ ၁ယ/---- မှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဦးပိန်တံတားဘက်မှ တောင်သမန်ကန်ပတ်လမ်း မော်တော် ဆိုင်ကယ် များဖြင့် သွားလာနေသည့် အပြစ်မဲ့ပြည်သူများဖြစ်သော ဦးမင်းအောင်၊ ၆၀ နှစ်၊ (ဘ)ဦးဘအုန်း၊ ဇော်မင်းထွေး၊ ၂၄ နှစ်၊ (ဘ)ဦးစိုးမြင့်၊ ငြိမ်းချမ်းဦး၊ ၁၈ နှစ်၊ (ဘ)ဦးနိုင်ဦး ၊ မသီတာနိုင်၊ ၂၁ နှစ်၊ (ဘ)ဦးမြင့်ဦး တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒဏ်ရာရရှိသူများကို အမရပူရမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သောဆေးဝါးကုသမှုများ ခံယူစေလျက်ရှိသည်။

အခင်းဖြစ်ပွားရာနေရာတွင် ပေါက်ကွဲသွားသည့်ဆိုင်ကယ်အတွင်းမှ Keypad  ဖုန်းအမျိုးအစား အပိုင်းအစများနှင့် ဖုန်းဘတ္ထရီ Singtech အမျိုးအစား ၁ ခုတို့ကို စစ်ဆေးသိမ်းဆည်းရမိသဖြင့် ရီမုခ်မိုင်းအမျိုးအစား ၁ လုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးရှာဖွေဖမ်းဆီး ဖော်ထုတ်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

သတင်းစဉ်