Skip to main content

ကိုပစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၄

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

တင်သွင်းခဲ့

 

ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်နှင့် ထီးခီးစခန်းငါးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၁၈ ခု မှ ယာဉ်စီးရေ ၃၂ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်နှစ်စီးဖြင့် တန် ၄၀၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် ၁၂ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၄၀၈၅ ခု၊ Oxygen Plant ကိုးခု၊ Oxygen Generator ငါးခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၅၀၀၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၈၂၇၅၀၊ လက်အိတ် ၁၀ တန်နှင့် နှာခေါင်းစည်း ၂၆ တန်တင်သွင်းခဲ့သည်။ အောက်တွင်အရည်(Bowser) ယာဉ်နှစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant ကိုးခုမှာ ရန်ကုန်မြို့သို့ လေးခု၊ မင်းဘူးမြို့သို့ နှစ်ခု၊ မန္တလေးမြို့သို့ နှစ်ခု၊ မုဒုံမြို့သို့ တစ်ခုတို့ဖြစ်ကြောင်း သိရသည်။

ဩဂုတ် ၁ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ယာဉ်စီးရေ ၁၅၃၀ ဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၁၈၀၆ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၄၇၂တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၇၄ တန်၊ Storage Container ၁၉ ခု၊ အောက်ဆီဂျင် (အရည်) Distributor ကိုးခု၊အောက်ဆီဂျင်(အိုးခွံ)ခုရေ နှစ်သိန်း၊ Oxygen Plant ၁၁၅ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် ၃ ခု၊ Oxygen Generator ၃၁ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၉၃၃၉၅ ခု၊ Test Kitခုရေ နှစ်သိန်း၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ အစုံရေ ကိုးသိန်း ၊ လက်အိတ် ၁၃၃ တန်နှင့် နှာခေါင်းစည်း ၂၀၇၆ တန် တင်သွင်း ခွင့်ပြုခဲ့ပြီးဖြစ်သည်။

ဩဂုတ် ၁ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ပြည်ပမှတင်သွင်းလာသည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ် စုစုပေါင်း ၈၂ စီးမှာ ရန်ကုန်မြို့သို့ ၆၆ စီး၊ မန္တလေးမြို့ သို့ ၅ စီး၊ နေပြည်တော်သို့ ၃ စီး၊ မော်လမြိုင်သို့ ၄ စီး၊ ပဲခူးသို့ ၂ စီး၊ မုံရွာနှင့် သံဖြူဇရပ်တို့သို့ တစ်စီးစီဖြစ်ကြောင်း သိရသည်။ Oxygen Plant စုစုပေါင်း ၁၁၅ ခုမှာ ရန်ကုန်မြို့သို့ ၆၂ ခု၊ မန္တလေးမြို့သို့ ၁၀ ခု၊ လားရှိုးသို့ ၅ ခု၊ ပဲခူးသို့ ၄ ခု၊ မြစ်ကြီးနားသို့ ၄ ခု၊ ကျောက်ပန်းတောင်းသို့ ၃ ခု၊ မော်လမြိုင်သို့ ၃ ခု၊ မုံရွာသို့ ၂ ခု၊ မကွေးသို့ ၂ ခု၊ ပခုက္ကူသို့ ၂ ခု၊ ဘားအံသို့ ၂ ခု၊ မင်းဘူးသို့ ၂ ခု၊ တောင်ကြီး၊ နေပြည်တော်၊ မြစ်သား၊ မိုးကောင်း၊ မြင်းခြံ၊ ကျောက်တံခါး၊ ဝါးခယ်မ၊ သံဖြူဇရပ်၊ ထားဝယ်၊ ကွမ်းခြံကုန်း၊ စစ်တွေ၊ ဒေးဒရဲ၊ မြင်းမူနှင့် မုဒုံတို့သို့ ၁ ခုစီဖြစ်ကြောင်း သိရသည်။

 

ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိ

 

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရ သည်။

 

သတင်းစဉ်