Sep 07, 2021
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Sep 07, 2021
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် များစွာကျဆင်းသွားပြီဖြစ်သည်။ သို့ရာတွင် ဒေသအလိုက် ခွဲခြား ကြည့်ပါက ကူးစက်မှုနှုန်းမလျော့ဘဲ တန်းနေဆဲ၊ အချို့ဒေသတွင် ကူးစက်မှုမြင့်မားနေ ဆဲဖြစ်သည့်အတွက် သတိ၊ ဝီရိယ၊ လုံ့လ ဥဿာဟကို လျှော့၍မရသေးဟု ဆိုရမည်။
Sep 07, 2021
ယနေ့အချိန်အခါတွင် မြန်မာအမျိုးသမီးများသည် ကျားမတန်းတူ မခွဲခြားဘဲ ဂုဏ်တင့်တယ်စွာ ပါဝင်စွမ်းဆောင် နေကြပြီဖြစ်သည်။ ပညာသင်ကြားရေးသာမက လူမှုစီးပွားနယ်ပယ်တွင်ပါ အမျိုးသမီးများသည် အမျိုးသားများ ဦးရေအချိုးထက် ပိုမိုပါဝင်လာသည်ကို တွေ့ရသည်။ အမျိုးသမီးတို့၏ နုပျိုသစ်လွင်သော ငယ်ရွယ် သူများဘဝ သည် ပိုမိုဂုဏ်တင့်ဖွယ်ဖြစ်သည်။ ထို့ကြောင့် ငယ်ရွယ်သူအမျိုးသမီး များအား ပိုမိုအထူးပြုရန် လိုပေသည်။
Sep 06, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက် များတွင်လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၆-၉-၂၀၂၁ ရက်နေ့တွင် ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော် နှင့်မြဝတီကုန်သွယ်ရေးစခန်း (၃) ခု တို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၁၄) ခုမှ ယာဉ်စီးရေ (၃၅) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၂)စီး ဖြင့်(၃၉)တန်၊ အောက်ဆီဂျင်(ဓာတ်ငွေ့) Bowser ယာဉ် (၁) စီး ဖြင့် (၂၀) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၃၂၈၅) ခု၊ Oxygen Plant (၅)ခု၊ အိမ်သုံး Oxygen Concentrator (၅၃၄) ခု၊ PPE (၈၈၀၇၀) စုံနှင့်နှာခေါင်းစည်း (Mask) (၇၃) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၂) စီးမှာ ရန်ကုန်မြို့နှင့် နေပြည်တော်သို့ဖြစ်ပြီး အောက်ဆီဂျင် (ဓာတ်ငွေ့) Bowser ယာဉ်(၁) စီး မှာ ပြည်မြို့သို့ဖြစ်သည်။ Oxygen Plant (၅)ခု မှာ ရန်ကုန်မြို့သို့ (၃)ခု၊ လာရှိုးမြို့နှင့် မိတ္ထိလာမြို့ သို့ (၁)ခု စီ ဖြစ်ကြောင်းသိရသည်။
Sep 06, 2021
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး များဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်ပြီး တာဝန်ခံကျောင်းအုပ်၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဆရာဆရာမများနှင့် တွေ့ဆုံကာ ကျောင်းများ ပြန်လည်ဖွင့်လှစ် သည့်အခါအေးချမ်းစွာ ပညာသင်ကြား သင်ယူနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားမှု များကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
Sep 06, 2021
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိ အမှတ်(၁) စက်မှု သင်တန်းကျောင်း(ဆင်တဲ) (Industrial Training Centre -ITC) သို့ရောက်ရှိပြီး ပုံမှန် သင်တန်းများ ပြန်လည်ဖွင့်လှစ်လျှင် အဆင်သင့်ဖြစ်နေအောင် ကြိုတင်ပြင်ဆင်ထားရန်၊ သင်တန်းကျောင်းရှိ သင်ထောက်ကူပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး အစဉ်အမြဲ စစ်ဆေး၍ ပြုပြင်ထိန်းသိမ်းထားရန်၊ သင်တန်းသားများအား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု ရှိစေရေးအတွက် နည်းပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် နှလုံးရည် (Knowledge, Skill, Attitude) အားလုံး ပြည့်ဝအောင်လေ့ကျင့်သင်ကြားပေးရန်၊ သင်တန်းများအား “လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်မှု အခြေပြုပညာရေးနှင့် လေ့ကျင့်ရေးစနစ်” Competency based education and Training စနစ်ဖြင့် သင်ကြားပို့ချရန် မှာကြားကာ သင်တန်းကျောင်း အတွင်းရှိ သင်ထောက်ကူပစ္စည်းအသုံးပြု သင်ကြားရေးဓာတ်ခွဲခန်းများ၊ အလုပ်ရုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းတစ်ခုချင်းအလိုက် မိမိသင်တန်း မိမိပြန်လည် ဆန်းစစ်သည့်အစီရင်ခံစာ (Self Assessment Report) ပြုစုတင်ပြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Sep 06, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
Sep 06, 2021
တနင်္သာရီတိုင်း၊ စစ်ကိုင်း ၊ မန္တလေးဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့အတွင်း ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၁) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တနင်္သာရီတိုင်း၊ စစ်ကိုင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
Sep 06, 2021
KNLA တပ်မဟာ(၅)အဖွဲ့က လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်မှုကြောင့် ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ကုသမှုခံယူလျက်ရှိသည့် အသက် ၇၈ နှစ်အရွယ် အဘွားအို ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
Sep 06, 2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျေးလက်ဒေ သဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
Sep 06, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
Sep 06, 2021
ချောင်းဦးမြို့နယ် PDF ခေါင်းဆောင် ရွှေဝင်းအား စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းက တူမီးသေနတ်အရှည် ၅၀၊ အတို ၇ လက်၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ချောင်းဦးအမြင့် ကျေးရွာတွင် ဖမ်းဆီးရမိကြောင်း ကနဦးသတင်းရရှိသည်။
Sep 06, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
Sep 06, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ
Sep 06, 2021
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၄ ရက် နံနက် ၇ နာရီတွင် ဘားအံ မြို့နယ် အိနွှဲကျေးရွာအုပ်စု ကော့ခမိတ်ကျေးရွာရှိ တင်လှိုင်ထူး(ခ) ပိလိကီး၏နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်(၁) ၆၆ လမ်း ၄၁ လမ်းနှင့် ၄၂ လမ်းကြား ပိတောက်လမ်းရှိ တည်းခိုခန်းတွင် တည်းခိုနေထိုင်သူ မြင့်ထွန်း၏အခန်းသို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အိုက်စ်သုည ဒသမ ၈၀၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀တို့ကို လည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် အိမ်အမှတ်(၁၀/၁၉၈)နေ ဟုန်ကျင်ကျုံး၏ နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
Sep 06, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ
Sep 06, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၄ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၃၂ ဦး၊ စုစုပေါင်း ၆၆ ဦးနှင့် လောက်ကိုင်မြို့သို့ ဝင်ရောက်လာသည့် အမျိုးသား ၃ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။
Sep 06, 2021
နိုင်ငံတော်အတွင်း နေထိုင်ကြသော ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် တစ်စိတ်တပိုင်းအဖြစ် အထောက်အကူပြုသည့် ဆက်သွယ်ရေးကွန်ယက်များအား နိုင်ငံတစ်ဝှမ်းလုံး ဖြန့်ကျက်နိုင်စေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီစဉ်ညွှန်ကြားမှုများဖြင့် ဆက်သွယ်ရေး တာဝါတိုင်များအား အမြို့မြို့၊ အနယ်နယ်တိုင်း၌ တွန်းအားပေးစိုက်ထူ ဆောင်ရွက်ပေးထား ရှိခဲ့သည်ကို အေးချမ်းစွာနေထိုင်လိုခြင်းမရှိဘဲ
Sep 06, 2021
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်နှင့် သမ္မတ၏ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ရုရှားအရှေ့ဖျားဒေသဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ယူရီထရုနှဗ်၏ ဖိတ်ကြား ချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့ စတော့မြို့၌ စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပသည့် (၆)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 6th Eastern Economic Forum) တက်ရောက်ခဲ့သည်။
Sep 06, 2021
ခေါင်လန်ဖူးဒေသသည် မြန်မာနိုင်ငံ၏ မြောက်ဖျားပိုင်းတွင် တည်ရှိပြီး ဆိုးရွားသော ရာသီဥတုနှင့် မြေမျက်နှာပြင် ခက်ခဲကြမ်းတမ်းကာ မြင့်မားမတ်စောက်သော တောင်ပေါ်ဒေသ၊ ကျောက်တောင် ကျောက်ကမ်းပါးယံနှင့် မြစ်ချောင်းလျှိုမြောင်များ ပေါများသည့်ဒေသဖြစ်ခြင်း၊ ရေခဲတောင်နှင့် ဆီးနှင်းများကြောင့် စိုက်ပျိုးမြေနည်းပါးခြင်း စသည်တို့ကြောင့် ခေါင်လန်ဖူးဒေသရှိ ဒေသခံပြည်သူ များသည် နှစ်စဉ် စားနပ်ရိက္ခာ ရှားပါး၊ ပြတ်တောက်လေ့ရှိသဖြင့် နိုင်ငံတော် နှင့် တပ်မတော်က စားနပ်ရိက္ခာနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို အခက်အခဲဖြစ်ပေါ်ချိန်တွင် ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ထောက်ပံ့ကူညီပေးနေရသော ဒေသဖြစ်သည်။
