Skip to main content

ပဲခူးမြို့ရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်နှင့် စားသုံးကုန်ပစ္စည်းများ လှူဒါန်း

ပဲခူး စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက်ရှိ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် ပဲခူးမြို့ နန်းတော်ရာရပ်ကွက် ဥယျာသီရိစာသင်တိုက်သို့ သွားရောက်၍ စာသင်တိုက်တစ်ခုလျှင် ဆန်အိတ် ၅၀၊ ဆီပိဿာ ၅၀၊ ကုလားပဲ သုံးအိတ်၊ ကြက်ဥအလုံး ၁၀၀၀ နှင့် ဆားငါးအိတ်တို့ကို သွားရောက်လှူဒါန်းသည်။ ။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၀၈ ကျောင်းအတွက် ကျောင်းတိုက်တစ်ခုလျှင် ဆန်တစ်အိတ်၊ ဆီငါးပိဿာနှင့် ဝတ္ထုငွေကျပ် ငါးသောင်းစီကိုလည်းကောင်း၊ သီလရှင်ကျောင်း ၁၁၉ ကျောင်းအတွက် ကျောင်းတိုက် တစ်ခုလျှင် ဆန်တစ်အိတ်နှင့် ဆီငါးပိဿာကိုလည်းကောင်း လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ ရပ်ကွက်/ကျေးရွာများအတွင်း ဆန်၊ ကြက်သား၊ ငါး၊ ငါးခြောက်၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ဈေးကားဖြင့် လှည့်လည်ရောင်းချနေမှုကို လည်းကောင်း၊ ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက် ပဲခူးမြစ်ကမ်းဘေး ပန်းခြံအဆင့်မြှင့်တင်နေမှုကိုလည်းကောင်း၊ ပဲခူးမြို့ ပြည်တော်သာလမ်း နိုင်လွန်ကတ္တရာခင်းနေမှု၊ ရေမြောင်းနှင့် လူသွားလမ်း ပလက်ဖောင်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်နိုင်ရေးကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်