နေပြည်တော် စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန် Titans Thiha Group of Co., Ltdı Mingalar Than Myaint Energy Co.,Ltd နှင့် ဌေးနန္ဒာမြင့် ကင်ဆာဖောင်ဒေးရှင်းတို့က ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများကို ယနေ့မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ လာရောက်လှူဒါန်းသည်။
ထိုသို့ လှူဒါန်းရာတွင် Mingalar Than Myaint Energy Co., Ltd ၏ မန်နေဂျာက ကျန်းမာရေးသုံး အထောက်အကူ ပြုပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Oxygen Concentrator နှစ်လုံးနှင့် ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်