Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်နှင့် မိတ္ထီလာခရိုင်ရှိ အားကစားကွင်း/ အားကစားရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၅

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ရွှေညောင်မြို့ အားကစားကွင်းနှင့် မြို့နယ်ဦးစီးဌာနရုံးနှင့် နေအိမ် တည်ဆောက်နေမှုနှင့် အောင်ပန်းမြို့နယ် အားကစားကွင်းတို့ကို ကြည့်ရှုစစ်ဆေး ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ် အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံနှင့် ဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားကစားကွင်း/ အားကစားရုံများအား မပျက်စီးစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မြို့နယ်အတွင်းရှိလူငယ်များ အားကစားကို စိတ်ပါဝင်စားပြီး လာရောက် ပျော်ရွှင်စွာ ကစားနိုင်အောင် စည်းရုံးရန် မှာကြားခဲ့သည်။

ယင်းနောက် မိတ္ထီလာခရိုင် ဘောလုံးအားကစားကွင်းအား ကြည့်ရှုစစ်ဆေး၍ အားကစားကွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ လူငယ်များ အားကစားကို လွတ်လွတ်လပ်လပ် ပျော်ပျော် ရွှင်ရွှင် လာရောက်ကစားရေးကိစ္စရပ်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်