Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

နေပြည်တော် စက်တင်ဘာ ၁၄

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရ မည့်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင် ထားရှိသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော် လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။


ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ကာကွယ်ဆေး ၁၀၀၀၀ လုံး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ကာကွယ်ဆေး ၁၀၀၀၀ လုံး၊ သံတွဲမြို့သို့ ကာကွယ်ဆေး ၈၀၀၀ လုံး၊ ပလက်ဝမြို့သို့ ကာကွယ်ဆေး ၆၀၀ လုံး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့သို့ ကာကွယ်ဆေး ၄၀၀၀ လုံး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကာကွယ်ဆေး ၄၀၀၀ လုံး၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ ကာကွယ်ဆေး ၁၈၀၀ လုံး၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ ကာကွယ်ဆေး ၄၀၀၀ လုံး၊ ထားဝယ်မြို့သို့ ကာကွယ်ဆေး ၄၀၀၀ လုံးနှင့် ကော့သောင်းမြို့သို့ ကာကွယ်ဆေး ၂၀၀၀ လုံးတို့ကို တပ်မတော်လေယာဉ်များဖြင့် လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့သို့ ကာကွယ်ဆေး ၂၀၀၀၀ လုံး၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ ကာကွယ်ဆေး ၇၄၀၀၀ လုံး၊ နေပြည်တော်ကောင်စီနယ်မြေသို့ ကာကွယ်ဆေး ၇၆၀၀ လုံး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ ကာကွယ်ဆေး ၃၆၀၀၀ လုံးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့သို့ ကာကွယ်ဆေး ၁၆၀၀၀ လုံးတို့ကို မြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့်လည်းကောင်း ဆက်လက်ပို့ဆောင်ပေးရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက် ဖြန့်ဖြူး ပေးသွားမည်ဖြစ်သည်။
ယင်းသို ပို့ဆောင်ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ၊ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခက်ခဲသောဒေသများသို့ တပ်မတော်(လေ)မှ ပို့ဆောင်ရေး လေယာဉ်၊ ရဟတ်ယာဉ်များ၊ မြန်မာ့လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်း ခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်