နေပြည်တော် စက်တင်ဘာ ၁၄
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက် ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ စက်တင်ဘာ ၁၃ ရက်နှင့် ယနေ့တို့တွင် ရခိုင်ပြည်နယ် အမ်းမြို့ ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေကျပ်သိန်း ၂၀၊ အမ်း မြို့နယ်တွင် အောက်ဆီဂျင် စက်ရုံတည်ဆောက်ရန် အတွက် အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေး ကော်မတီသို့ ငွေကျပ်သိန်း ၁၀၀၊ အမ်းမြို့ရှိ တပ်မတော်ဆေးရုံအတွက် ဆေးပစ္စည်းများနှင့် ငွေကျပ် ၁၀၂ သိန်း၊ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံ ကြီးရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ကျောက်ဖြူမြို့ စစ်တောတပ်နယ်၌ လည်ပတ်ထုတ်လုပ်လျက်ရှိသည့် အောက်ဆီဂျင် စက်ရုံ အတွက် အလှူငွေကျပ်သိန်း ၂၀၊ မာန်အောင်မြို့ ပြည်သူ့ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် ငွေကျပ်သိန်း ၂၀၊ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက် လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံအတွက် အလှူ ငွေကျပ်သိန်း ၁၀၀ နှင့် ဆေးရုံတက်ရောက်ကုသ လျက်ရှိသော ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် စားသောက် ဖွယ်ရာများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူ ခဲ့ကြသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ရှိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများအတွက် တရုတ်ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အဖွဲ့က Alphard ကား တစ်စီး၊ Patient Monitor နှစ်လုံး၊ Oxygen Concentrator နှစ်လုံး၊ Test Kit အခု၂၀၀၊ ကလိုရင်း (၅ ဂါလန်) ပုံး ၂၀၊ လက်အိတ် အစုံ ၁၅၀၊ Mask ငါးဖာ၊ PPE ဝတ်စုံ ၁၅၀၊ အရက်ပြန် အလုံး ၂၀၀၊ ဆေးဖျန်းပုံး(ဘက်ထရီပါ) နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ပြည်သူ့ဆေးရုံ များနှင့် တိုက်နယ်ဆေးရုံ များတွင် အသုံးပြုရန်အတွက် အလှူရှင်များဖြစ်သည့် ဦးကျော်ခင်( Tzu Chi Buddhist Foundation) က ငွေကျပ်သိန်း ၄၅၇၀ တန်ဖိုးရှိ ၁၂ ပြည်ပါ ဆန် အိတ် ၅၀၀၀၊ ဆီပုလင်း(၁ လီတာ)ပါ အလုံး ၅၀၀၀၊ Oxygen Concertrator အလုံး ၁၄၀၊ Oxygen Plastic Tube (ပိုက်သစ်) အချောင်း ၁၀၀၀၀၊ PPE ဝတ်စုံ ၁၀၀၊ Oxygen Cylinder အလုံး ၆၀၀နှင့် Flow Meter အခု ၆၀၀၊ Yogon Petrol Co.,Ltd က အလှူငွေကျပ် ၂၅ သိန်း၊ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်မြင့်မြင့်သိန်း(ရွှေနဂါးမင်း ကုမ္ပဏီလီမိတက်)က အလှူငွေကျပ် ၇၅ သိန်း၊ ဦးအာကာကြိုင် (တော်ဝင်ကြာဖူး ဆောက်လုပ်ရေး ကုမ္ပဏီ)က အလှူငွေကျပ် ၇၅ သိန်း၊ Sann Thit Aung Construction Co.,Ltd က အမေရိကန်ဒေါ်လာ ၃၀၀၀ တန်ဖိုးရှိ FABIMERA -400 (FAVIPIRAVIR TABLETS (400 mg)) ၅၀၊ ဦးကျိန်တာနှင့် ဇနီးဒေါ်သီတာဦး (Hot Pot King) မိသားစုက ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ PPE ဝတ်စုံ ၅၀၀၊ ချမ်းမြေ့မေတ္တာအထူးကုဆေးရုံ (သန်လျင်)က အလှူငွေကျပ်သိန်း ၂၀ တို့ကိုလည်းကောင်း အသီးသီးပေးအပ် လှူဒါန်းကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကားများ ပြောကြားခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင်လိုအပ်ချက်များ မရှိစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ စစ်တော တပ်နယ်၌ လည်ပတ် ဆောင်ရွက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံနှင့် မာန်အောင်မြို့ ပြည်သူ့ ဆေးရုံတွင် တည်ဆောက် လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်