နေပြည်တော် စက်တင်ဘာ ၁၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ၊ (၁၃)ကီလို မီတာ ပူးပေါင်း စစ်ဆေးရေးစခန်းအနီးတွင် လုတ်ယိန်း မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဆီခဲ ၅ ကီလိုကိုလည်းကောင်း။
စက်တင်ဘာ ၁၂ ရက် ညနေ ၅ နာရီခွဲတွင် နမ့်ခမ်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ မူဆယ်-နမ့်ခမ်းသွား ကားလမ်းတွင် ခေါယော(ခ) ရှောက်ခုန် မောင်းနှင်ပြီး ထန်းချမ်း(ခ)လောက်ဝူး လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၈၄ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)