Skip to main content

အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်း ဖွင့်လှစ်

နေပြည်တော် စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး နတ်ရေကန် ငါးလုပ်ငန်းစခန်းတွင် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းကို စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ နတ်ရေကန်ငါးစခန်း တွင် ဖွင့်လှစ်ပို့ချပေးသည်။

သင်တန်းတွင် မန္တလေးခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဌေးမင်းက ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းစနစ်ကျနစွာ မွေးမြူတတ်စေရန်၊ ငါးမွေးသူများကိုယ်တိုင် ငါးသားပေါက် ထုတ်လုပ်မွေးမြူတတ်စေရန်၊ အစားအသောက် ဘေးဥပဒ်ကင်းရှင်းသည့် မွေးမြူ ရေး ရေထွက်ကုန်ငါးရိက္ခာများထုတ်လုပ်နိုင် စေရန် ရည်ရွယ်၍ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေး သင်တန်းများ ဖွင့်လှစ်ပို့ချ လျက်ရှိကြောင်း ပြောကြားသည်။

သင်တန်းသို့ အမရပူရမြို့နယ်မှ ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသူ သင်တန်းသား ၁၆ ဦး တက်ရောက်ပြီး စခန်းတာဝန်ခံ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးကြောင်း သိရသည်။

သတင်းစဉ်