Skip to main content

Oct 27, 2021

၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “လှပသာယာ ပြည်မြန်မာ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မည်သူမဆို ပါဝင်ယှဉ်ပြိုင် နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်း တည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေး ကြိုးပမ်း မှု၏ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကာလ ၁၉၈၇ ခုနှစ်တွင် မိမိတို့နိုင်ငံသည် ကမ္ဘာ့ဖွံ့ ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံများ (Least Developed Countries) စာရင်းသို့ ဝင်ရောက်ခဲ့ရသည်။ နိုင်ငံတွင် တစ်ဦးချင်း ဝင်ငွေနည်းပါးမှု၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနိမ့်ကျမှု၊ စီးပွားရေးထိခိုက်နစ်နာလွယ်မှု စသည့် ညွှန်းကိန်းများ နိမ့်ကျမှုများကို ကုလသမဂ္ဂသို့ တင်ပြကာ ကြွေးမြီ များ လျှော်ပစ်ရေး၊ ငွေကြေး အထောက်အပံ့များရရှိရေးတို့ကို မျှော်မှန်း၍ LDC စာရင်းဝင်နိုင်ငံအဖြစ် လျှောက်ထားဝင်ရောက် ခဲ့ရခြင်းဖြစ်သည်။ လူတစ်ယောက်အနေဖြင့် ဆိုပါက မိမိအား လူမွဲအဖြစ် ကြေညာပေးပါရန် တရားရုံးသို့ လျှောက်ထား၍ ဒေဝါလီခံလိုက်ရခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

“မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းမှုများရှိသည်ကို တွေ့ရှိရကြောင်း၊ ပညာရေးကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ “အတန်းပညာရှိမှ အသိပညာရမည်၊ အသိပညာရှိမှ အတတ်ပညာ ရမည်” ဖြစ်ကြောင်း၊ လူငယ်များအား ကိုယ့်ခြေလှမ်းပေါ်တွင် ရပ်တည်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာသင်ကြားရေးအား မဖြစ်မနေဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) တွင် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရစက်ရုံ၊ အလုပ်ရုံ များအား မီးရှို့ဖောက်ခွဲဖျက် ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာလ ၄ ရက်တွင် PDF အဖွဲ့များအားထောက် ပံ့ပေးသည့် ဟင်္သာတမြို့၊ တာလေးရပ်ကွက်၊ လင်းလွန်းပင်(၂)လမ်းနေ အိသက်ပိုင်(၃၁)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၇ ရက်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီစုကျေးရွာ၌ KNLA တပ်မဟာ(၃)တွင် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း တက်ရောက်ခဲ့သူ ဝင်းနိုင်(၄၆)နှစ်အား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာစည်းကမ်းများကို စနစ် တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေအတွင်း စံပြကျေးရွာအကောင်အထည် ဖော်ဆောင်ရွက်မည့် တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ၊ ပျဉ်းမနား မြို့နယ် ကျွန်းဦးကျေးရွာ နှင့် လယ်ဝေးမြို့နယ် သော်မှော် ကုန်းကျေးရွာတို့တွင် အခြေခံအဆောက် အအုံဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(United Nations World Tourism Organization- UNWTO)၊ The Advanced Leadership Foundation (ALF)၊ The Chambers of Commerce INCYDE Foundation နှင့် Municipal and Regional Administration of Barcelona တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် ကျင်းပသော The Future of Tourism World Summit အစီအစဉ်တွင် ပါဝင်သည့် The Future of World Tourism Summit - Ministerial debate ကို ယနေ့မွန်းလွဲပိုင်းတွင် Virtual ဖြင့် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် Online မှ ပါဝင်တက်ရောက် ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့်အရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးရာ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

မြန်မာနိုင်ငံ၏ e-Government စနစ် အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံး ဖြစ်သည့် e-ID စနစ် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ်လုပ်ငန်းကော်မတီ၊ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

အာဆီယံအစည်းအဝေးများ အားလုံးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်တူ၊ တန်းတူတက်ရောက်ရန် အာဆီယံပဋိညာဉ်စာတမ်းမှ ပြဋ္ဌာန်းထားသည်ဖြစ်ရာ၊ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ အခြားအာဆီယံနိုင်ငံများ နည်းတူ အဆင့်တူ ကိုယ်စားပြု တက်ရောက်ရန် အခွင့်အရေးအပြည့်အဝရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်း နှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ငါးခုမှ ယာဉ်စီးရေ ၁၁ စီးဖြင့် အောက်ဆီဂျင်(အိုးခွံ) ၅၃၀၊ Oxygen Plant တစ်ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) အခု ၁၀၀၀၊ PPE ဝတ်စုံ ၄၁၂၅၀၊ လက်အိတ် ၁၀ တန်နှင့် နှာခေါင်းစည်း (Mask) တန် ၃၀ တို့ကို တင်သွင်းခဲ့ပြီး Oxygen Plant တစ်ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့ သို့ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

Generic Social Work သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့ နံနက်ပိုင်းက ရန်အောင်မြင် ဆည်ရေ အရင်းအမြစ်မှ ရေကို ယူ၍သောက်သုံးရေပေးဝေလျက် ရှိသော ရန်အောင်မြင် သဲရေစစ်ကန်သို့ သွားရောက်စစ်ဆေးခဲ့ရာ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်း မှု) ဌာနမှူးက တစ်ရက်လျှင် ရေဂါလန် ၃ ဒသမ ၇၅ သန်း သန့်စင်ပေးဝေနေသည့် ရန်အောင်မြင် သဲရေစစ်ကန်မှ ပိတောက် အိမ်ရာ၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ သဇင်ဆောင်များနှင့် သပြေဆောင်များ၊ ဉာဏသိဒ္ဓိရပ်ကွက်များသို့ သန့်ရှင်းသည့်ရေများ လုံလောက်စွာ ဖြန့်ဝေပေးနေမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

အကြိမ် (၂၀)မြောက် အာဆီယံအဆင့်မြင့် ဥပဒေ အရာရှိကြီးများ အစည်းအဝေး (ASLOM)ကို ယနေ့ နံနက်ပိုင်းမှစတင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပလျက်ရှိသည်။ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးအလှည့်ကျဥက္ကဋ္ဌအနေဖြင့် တက်ရောက်ပြီး ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် နှင့်အတူ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြပြီး အာဆီယံ ၁၀ နိုင်ငံမှ အဆင့်မြင့် ဥပဒေအရာရှိကြီးများလည်း တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးသည် သခင်သန်းထွန်း၏ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်ရပြီး ဗကပမြေအောက်လုပ်ငန်းများ ဆောင်ရွက်နေခဲ့ရာမှ ၁၉၆၄ ခုနှစ်တွင် တောခိုခဲ့ပါသည်။ ထိုတောခို ကျောင်းသားသည် ပါတီလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်သဖြင့် ဗကပဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ သခင် သန်းထွန်းက ပါတီ၏ အမြုတေဖြစ်သော ကျောရိုးတပ်နီ လူငယ်အဖွဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပါသည်။ အခြားလူငယ်များက လက်သီး လက်မောင်းတန်း၍ ကြွေးကြော်သံများ၊ ပေးကာ ထောက်ခံအားပေးခဲ့ကြပါသည်။ သို့ရာတွင် ၁၉၆၈ ခုနှစ် ဖြုတ်ထုတ်သတ် စီမံကိန်းတစ်ခုတွင် ဖောက်ပြန်ရေးသမားတို့၏ ဂိုဏ်းဝင်တစ်ဦးအဖြစ် ခုံရုံးတင်ကာ လည်မျိုးကို ဝါးရင်းတုတ်ဖြင့် ရိုက်ကြပါသည်။ မသေမရှင်တွင် လည်ပင်းကို ဓားနှင့်လှီးဖြတ်၍ ထွက်လာသည့် လည်ချောင်းသွေးဖြင့် ခြေဆေးကြပါသည်။ ထိုအချိန်တွင် နိုင်ငံကျော် စာရေးဆရာမကြီးတစ်ဦးသည် သား ဖြစ်သူကို အောင်မြင်မှု သရဖူဆောင်းလျက် ပြန်လာလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်ဟု အခြားစာအုပ်တစ်အုပ်တွင် ဖတ်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၂၄၇ ဦး၊ အမျိုးသမီး ၁၅၄ ဦး၊ စုစုပေါင်း ၄၀၁ ဦးတို့ကို အသီးသီး လက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

“မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်မှန်းချက်နှင့် မူဝါဒများ ကို အခိုင်အမာ ယုံကြည်ပြီး မိမိတို့လူသားများ အားလုံးအတွက် ကျန်းမာချမ်းသာ ကြွယ်ဝ၍ တိုးတက်ရှင်သန်သော ကမ္ဘာကြီးတစ်ခု တည်ဆောက်နိုင်ရေးအတွက် ကုလသမဂ္ဂ၏အပြုသဘောဆောင် ကြိုးပမ်းအားထုတ်မှု များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုအပ်ပါသည်” ဟု (၇၆) နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 26, 2021

Proxy War ဟူသော အင်္ဂလိပ်ဝေါဟာရကို ကိုယ်စားစစ်ပွဲ၊ ကိုယ်စားပြုစစ်ပွဲ စသည်ဖြင့် ဘာသာပြန်ဆိုကြသည်။ နောက်ကွယ်မှ အင်အားကြီးနိုင်ငံတို့၏ အကူအညီအထောက်အပံ့ဖြင့် ၎င်းအင်အားကြီးနိုင်ငံတို့၏ အကျိုးစီးပွားများအတွက် နိုင်ငံတစ်နိုင်ငံအတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများအကြား သို့မဟုတ်နိုင်ငံငယ်များ အချင်းချင်း တိုက်ခိုက်ကြခြင်းဖြစ်သည်။ စင်စစ်အားဖြင့် ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်နိုင်ငံကို စစ်တလင်းပြု၍ သူတစ်ပါးအကျိုးအတွက် အသက်သွေးချွေးတို့ကို ပေးဆပ်ကာ စစ်ခင်းကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်