Skip to main content

Oct 27, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၁)ခုမှ ယာဉ်စီးရေ (၂)စီးဖြင့်၊ အောက်ဆီဂျင်အိုးခွံ(၁၈၅၀)၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက် (Oxygen Generator) (၁)ခု၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator) (၁၁)ခု၊ PPE ဝတ်စုံ (၄၀,၆၀၀) ၊ လက်အိတ်တန် (၂၀)တို့ကို တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

(၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် (၂၁)ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတို့ကို ယနေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တက်ရောက်ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် ငွေကျပ်သိန်း ၂,၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဌ) တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း ” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်း ခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

(၁၁) ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး (ALAWMM) ကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)သည် ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အချိန်ကာလ အားဖြင့် လပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ တတိယအကျော့တွင်ရှိနေပြီး အချို့နိုင်ငံများသည် စတုတ္ထ အက္ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ ကြောင်းလူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၈၆ ဦး၊ အမျိုးသမီး ၂၁၈ ဦး၊ စုစုပေါင်း ၄၀၄ ဦး၊ ချင်းရွှေဟော်မြို့သို့ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၉ ဦး၊ လောက်ကိုင်မြို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၄၁ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃၀၂ ဦး၊ အမျိုးသမီး ၁၉၈ ဦး၊ စုစုပေါင်း ၅၀၀ ဦးတို့ကို အသီးသီးလက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွမ်းလုံမြို့၊ လောက်ကိုင်မြို့နှင့် မိုင်းရယ်မြို့တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်နှင့် လွိုင်လင်မြို့တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် မြိတ်မြို့တို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ လည်းကောင်း၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ကျောက်ဖြူမြို့နှင့် ဂွမြို့တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့၊ အုတ်တွင်းမြို့၊ ပေါက်ခေါင်းမြို့တို့၌ လည်းကောင်း အသီးသီးပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်း နှစ်ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီလေးခုမှ ယာဉ်စီးရေ ခြောက်စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser တစ်စီး တန် ၂၀၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ငါးခုı လက်အိတ် ၁၉ တန်နှင့် နှာခေါင်းစည်း (Mask) ၂၈တန်တို့ကို တင်သွင်းခဲ့ပြီး Oxygen Bowser ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ် ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူ ဝယ်ယူနိုင် ရေးနှင့် အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိ စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ညွှန်ကြားချက်အရ မြန်မာ နိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ၆ ခုမှ အိမ်သုံးဆေးဝါး ၈၉ မျိုးကို ရောင်းချ ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဉသျှစ်ပင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါ ဖြစ်ပွားမှုများ၊ ဆေးကုသပေး ထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာများ အထောက်အကူပြု နိုင်ရန်နှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်း ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်(၂၀၂၁) “Conference on Science and Technology Development-2021 (CSTD-2021)” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဉီးလွင်တပ်နယ်၊ စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေ ပညာဗဟိုဌာန ၊၅ ထပ်စာသင်ဆောင်ရှိ Multifunction Hall၌ ကိုပစ် -၁၉ ကူးစက်ရောဂါစည်းကမ်း သတ်မှတ်ချက်များနှင့်အညီစတင်ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

မြန်မာနိုင်ငံ၌ ဆရာ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တောအနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှု တစ်ရပ်သဖွယ် သတ်မှတ်ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသားကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ်ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေသူများ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

ရုရှား - မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း (RMFAC) နှင့် မြန်မာ -ရုရှားစီးပွားရေး ဖွံ့ဖြိုးမှု အသင်း(MRBDA)တို့၏ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုများ ပူးပေါင်း ဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာရေးထိုးခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ကျင်းပရာ ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ အန်နာသိုလီ ဘူလော့ချ နိကော့ နှင့် ရုရှားနိုင်ငံမှ စီးပွားရေးဆိုင်ရာ တာဝန်ရှိကိုယ်စားလှယ်များ၊ မြန်မာ - ရုရှား စီးပွားရေး ဖွံ့ဖြိုးမှုအသင်း ဥက္ကဋ္ဌ ဦးသန်းဇော်နှင့် အလုပ်အမှု ဆောင် အဖွဲ့ဝင်များ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 27, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံရုံးမှ ကောင်စစ်ဝန် (Economic and Commercial Affairs) ဖြစ်သူ Mr. Andrei lunak နှင့် ပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံ၍ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်