Skip to main content

Oct 24, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည့်အခြေအနေ ရှိပါက ကျောင်းသား၊ ဆရာ၊ မိဘများ စိတ်အေးချမ်းသာစွာဖြင့် စာပေပညာသင်ကြားနိုင်ရေး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ထိုးနှံပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2021

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထား ပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင် တော်အပိုင်း(၁)အား တည်ထားပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာ မဏ္ဍပ်တော်၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2021

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးကို ၁၅-၁၀-၂၀၂၁ ရက်တွင် ကျင်းပခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အဆိုပါ အစည်းအဝေးနှင့်ပတ်သက်၍ ကြေညာချက်ကို ၁၆-၁၀-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး(၂)သည် ၁၈-၁၀-၂၀၂၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ လည်းကောင်း၊ ၁၉-၁၀-၂၀၂၁ ရက်နေ့တွင် ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာဘက်သို့ သံတမန်လမ်းကြောင်းမှ လည်းကောင်း၊ ၁၅-၁၀-၂၀၂၁ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ခဲ့သည့် ကိစ္စကိုလည်းကောင်း ဖော်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2021

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၌ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ မူအားဖြင့် ဘုံသဘောတူညီ ချက် (၅) ရပ် ရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်အား အမျိုးသား ၆ ဦး (စိစစ်ဆဲ)က သေနတ်ပြ ခြိမ်း ခြောက်ကာ ငွေကျပ်သိန်း ၃၀၀၀ ကျော်အား လုယက်ယူဆောင် သွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးကို ၁၅-၁၀-၂၀၂၁ ရက်နေ့ တွင် ကျင်းပခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဘရူနိုင်းနိုင်ငံသည် အဆိုပါ အစည်းအဝေး နှင့် ပတ်သက်၍ ကြေညာချက်ကို ၁၆-၁၀-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုး နှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်း များအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ် တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက် နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် အောင်အောင်နှင့်အဖွဲ့ဝင်များသည် ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်မြို့ရှိ နယ်မြေခံတပ်ရင်း၏ စိုက်ပျိုးရေး လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများအား သွားရောက် ကြည့်ရှုပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်း ပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အား တိုက်ဆောင်ရွက်ပေးလျက် ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေး လျက်ရှိရာ အောက်တိုဘာ ၂၁ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၇ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၃ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည် ဝင် ရောက်လာသူ အမျိုးသား ၂၉၁ ဦး၊ အမျိုးသမီး ၁၉၆ ဦး၊ စုစုပေါင်း ၄၈၇ ဦးတို့ကို လည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၊ ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့တွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော ဒေသခံတိုင်းရင်းသားပြည်သူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများက အသီးသီးသွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှုအခြေအနေ များအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် သည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီရုံး၊ ဧည့်ခန်းမ ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သာဝတ္ထိမြို့ရှိ တောင်သုံးလုံးဇေတ၀န်ပရိယတ္တိ စာသင်တိုက်နာယက ဆရာတော် ဘဒ္ဒန္တဝေပုလ္လမဟာထေရ်မြတ်ကြီး သီတင်းသုံးတော်မူသည့် ကျောင်းပရိဝုဏ်အတွင်း ကမ္ဘာ့အကြီးဆုံး ဝါးစေတီ တစ်ဆူဖြစ်လာမည့် ကမ္ဘာ့ကပ်ကျော် ဆုတောင်းပြည့် ဝါးစေတီတော်ကြီးကို အများပြည်သူစုပေါင်းအလှူ ငွေများဖြင့် တည်ထား လျက်ရှိသည်။ ။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

လူနှင့်သဘာဝနယ်မြေကို ထိန်းညှိထားသော မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းကို ဆွဲဆောင် လျက်ရှိသည့် အင်းလေး ကန်နှင့်အင်းတော်ကြီးကန်အား ဇီဝအဝန်းနယ်မြေနှစ်ခုအဖြစ် ယူနက်စ ကိုက အသိအမှတ်ပြုထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်း ငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံ ခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ယနေ့မှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် ၅၀ တွင် 92 Ron ၁၉၆၇၀၆၅၂ လီတာ၊ ဒီဇယ် ၁၂၂၀၅၉၀၆ လီတာနှင့် Premium ဒီဇယ် ၁၈၃၄၇၁၀၁ လီတာတို့ ဖြန့်ဖြူး ရောင်းချ ပေးထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော်အတွင်း လူသွားစင်္ကြံလမ်းများ တိုးချဲ့ခင်းကျင်း နေမှုနှင့် မြို့ပြသန့်ရှင်း သာယာ ရေး ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့် ဆည်းဆောင် ရွက်ပေးသည်။ ။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2021

ပိုးသတ်ဆေး မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းလုပ်ငန်းစဉ်များကို စနစ်တကျ ပိုမို ကောင်းမွန်စေရန် ပြောင်းလဲ ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၃၄) ကြိမ်မြောက် အစည်းအဝေးတွင် အဖွဲ့ ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်