Oct 23, 2021
အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (International Civil Aviation Organization-ICAO) က ကြီးမှူး၍ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် High-level Conference on COVD-19 (HLCC 2021) ပိတ်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီကပြုလုပ်ရာ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယ ဝန်ကြီး ဦးအောင်ကျော် ထွန်း ပါဝင်တက်ရောက်သည်။
Oct 23, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဘေဂျင်းမြို့ Sinopharm ကုမ္ပဏီမှဝယ်ယူသော Sinopharm (BIBP) ကိုဗစ်-၁၉ ကာကွယ် ဆေး(၄)သန်း (5 doses per Vial ထုတ်ပိုးမှုပုံစံ) ဆေးအလုံး ရေ(၈)သိန်းတင်ဆောင်လာသော Air China လေကြောင်း လိုင်း A 332 အမျိုးအစား လေကြောင်းပျံ သန်းအမှတ် CA 589 လေယာဉ်သည်တရုတ်နိုင်ငံ ပေကျင်းမြို့ မှ ယနေ့ ညနေ ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပဥ္စမအသုတ်အဖြစ် ရောက်ရှိလာကြောင်း သိရသည်။
Oct 23, 2021
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အောက်တိုဘာ ၁၆ ရက်တွင် ဓာတ်ခွဲအတည်ပြု လူန၁သစ် ၁၂၀၅ ဦးတွေ့ရှိပြီး ပိုးတွေ့ရာခိုင်နှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း၊ အောက်တို ဘာ ၁၈ ရက်တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၂ ဦးတွေ့ရှိပြီး ရောဂါပိုးတွေ့ ရာခိုင်နှုန်း ၆ ဒသမ၂၁ ရာခိုင် နှုန်းနှင့် အောက်တိုဘာ ၂၁ ရက်တွင် ဓာတ်ခွဲအတည် ပြုလူနာသစ် ၆၈၃ ဦးတွေ့ရှိပြီး ရောဂါ ပိုးတွေ့ရာခိုင်နှုန်း ၄ ဒသမ ၉၅ ရာခိုင်နှုန်း တွေ့ရှိခဲ့သည်။
Oct 23, 2021
မြန်မာနိုင်ငံတွင် ယမန်နေ့ကအထိ ကိုဗစ်- ၁၉ ရောဂါ အတည်ပြု လူနာ ၄၉၂၅၀၉ ဦး ရှိခဲ့ပြီး ပိုးတွေ့သေဆုံးလူနာဦးရေ ၁၈၄၉၁ ဦး ရှိခဲ့သည်။ ၎င်းအရေအတွက်များမှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်- ၁၉ရောဂါ စတင်တွေ့ရှိခဲ့ရသည့်နေ့မှ ယမန်နေ့ (အောက်တိုဘာ ၂၂ ရက်၊ ည ၈:၀၀ နာရီ)အထိဖြစ်သည်။ ကိုဗစ်- ၁၉ ကပ်ရောဂါနှင့် စပ်လျဉ်း၍ မိမိတို့အနေဖြင့် နေ့စဉ်နှင့်အမျှ သတင်းအချက်အလက် များရရှိနေသည့်အတွက် သိရှိသတိပြုမိကြသော်လည်း နှစ်စဉ် သေဆုံးမှုနှုန်းအားဖြင့် ကိုဗစ်- ၁၉ ကပ်ရောဂါထက် များစွာပိုမိုပြီး ကိုဗစ်- ၁၉ ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသည့် ကျန်းမာရေး ပြဿနာတစ်ခုကိုမူ အမှတ်တမဲ့နှင့် သတိမပြုမိဘဲ ရှိနေကြသည်။
Oct 22, 2021
၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးက ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ကျပ် ၁၅ ဘီလီယံအား ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Oct 22, 2021
(၁၆) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဖြစ် သည့် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ဆိုင်ရာ အစည်းအဝေးနှင့် အာဆီယံ+၃ ဝန်ကြီးအဆင့်အစည်းအဝေးများ (16th Meeting of the Conference of the Parties to the ASEAN Agreement on Transboundary Haze Pollution (COP-16), 17th ASEAN Plus Three Environment Ministers Meeting - EMM) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် အင်ဒိုနီးရှား နိုင်ငံမှအိမ်ရှင်အဖြစ် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆက်လက်ကျင်းပရာ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
Oct 22, 2021
လန်ချန်း-မဲခေါင် ဒေသရှိ အဖွဲ့ဝင်(၆)နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံ များ မှ အနုပညာရှင်လူငယ်များ ပူးပေါင်း ပါဝင်ဆောင်ရွက် မည့် Puppet festival of Lancang – Mekong စီမံကိန်းကို ဒီဇင်ဘာ (၂၅)ရက်မှ (၃၁)ရက် အထိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၌ လက်ခံကျင်းပသွားရန် ကိစ္စနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပသည်။
Oct 22, 2021
ကိုဗစ်-၁၉ ကာလအတွင်း အသင်းသားပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေးကိစ္စများ တစ်ဖက်တစ်လမ်းမှ ကူညီ ဖြည့်ဆည်းပေးရန်အတွက် ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် အစိုးရ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းက အသင်းသား ၁၁၇၄ ဦးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ စုဆောင်းငွေပေါ် အတိုးငွေကျပ် ၂၁၂ ဒသမ ၈သိန်းအား သက်ဆိုင်ရာဌာနနှင့် ကျောင်းကိုယ်စားလှယ်များ အား ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 22, 2021
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ငွေကျပ် ၄ဒသမ၁၄ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂ ဒသမ ၇၆ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Oct 22, 2021
အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တင်ဆက်လျက်ရှိရာ “နဝရတ် ကိုးသွယ်အငြိမ့်” ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၃ ရက် စနေနေ့ ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
Oct 22, 2021
မြန်မာတို့၏ ၁၂ လရာသီပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် သီတင်းကျွတ်ပွဲတော် အခါသမယတွင် တာဝတိံသာနတ်ပြည်တွင် တစ်ဝါတွင်းလုံး အဘိဓမ္မာ တရားဟောကြားပြီး လူ့ပြည်သို့ပြန်လည်ဆင်းသက်လာသည့် မြတ်စွာဘုရားအား ရည်မှန်း၍ ဆီမီးများထွန်းညှိပူဇော်ခြင်း၊ အဘိဓမ္မာအခါတော်သဘင်များဆင်နွှဲခြင်း၊ ဝါကျွတ်ပူဇော်ကန်တော့ခြင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော် ကြည်ညိုခြင်းများ ပြုလုပ်လျက်ရှိကြသည်။
Oct 22, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၀ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ရှစ် ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး၊ စုစုပေါင်း လေးဦး တို့ကို အသီးသီးလက်ခံခဲ့ကြသည်။
Oct 22, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
Oct 22, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 22, 2021
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Oct 22, 2021
သီတင်းကျွတ်လပြည့် အဘိဓမ္မာ နေ့အဖြစ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဆီမီး ၅၀၀၀ ကပ်လှူပူဇော်ခြင်းနှင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကို အောက်တိုဘာ ၂၁ ရက် ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး နန်းမြို့အတွင်းရှိ နန်းမြို့ဆုတောင်းပြည့် ဘုရား၌ ပြုလုပ်သည်။
Oct 22, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှကြီးမှူး၍ လန်ချန်းမဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ (Lancang-Mekong Tourist Cities Cooperation Alliance) မူ ဘောင်ပိုမိုကောင်းမွန် ပြည့်စုံစေရန်နှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် ဒေသတွင်းယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့ရေးနည်းလမ်းများ ညှိနှိုင်းဆွေးနွေးရန် လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ညီလာခံကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချုံကျင်းမြို့၌ အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပလျက်ရှိသည်။
Oct 22, 2021
အာဆီယံ+၃ နိုင်ငံများ၏ဘဏ္ဍာရေးနှင့်ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ Virtual စနစ်ဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
Oct 22, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီတစ်ခုမှ ယာဉ်စီးရေ သုံးစီးဖြင့် နှာခေါင်းစည်း ၁၈ တန် တင်သွင်းခဲ့ကြောင်း သိရသည်။
