Oct 22, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးလျက်ရှိရာ အောက်တိုဘာ ၂၀ ရက်တွင် နယ်စပ်(ချင်းရွှေဟော်) ၌ ကုမ္ပဏီငါးခုတို့မှ Mask ၁၈၆၁၇ Kg ၊ Disposable Cap ၁၃၆၀Kg ၊ Oxygen Plant ငါးခု၊ Syringe ၂၈၁၇၆ ခု၊ Face Shield ၆၀၀ Kgတို့အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Oct 22, 2021
နေပြည်တော် အောက်တိုဘာ ၂၁
Oct 22, 2021
မြန်မာနိုင်ငံနှင့် အာဆီယံတို့၏ ဆက်ဆံရေးအခြေအနေများ ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သီတင်းကျွတ်အခါသမယ ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းတွင် “ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မူအားဖြင့် ဘုံသဘောတူညီချက် (၅)ခု ရရှိခဲ့ပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် တာဝန်ပေးနိုင်ဖို့အတွက် အခက်အခဲအမျိုးမျိုးနဲ့ ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ ဩဂုတ်လ ၄ ရက်နေ့က ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) Dato Erywan Pehin Yusof ကို ကျွန်တော်တို့ သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သဘောတူညီချက်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှုနဲ့ အာဆီယံရဲ့ charter များနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်” ဟူ၍ ပြောကြားခဲ့သည်။
Oct 22, 2021
ပြည်သူများ လိုလားတောင့်တကြသည်မှာ တည်ငြိမ်အေးချမ်းနေသည့် ပုံမှန်ဘဝတွင် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ကြရေးဖြစ်သည်။ ယင်းအခြေအနေကို သီတင်းကျွတ်လပြည့်နေ့က နိုင်ငံတစ်ဝန်းတွင် ပြည်သူများ စိတ်ချမ်းမြေ့စွာနေထိုင်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ရပြီး ဤသို့ပုံမှန်ဘဝသို့ရောက်အောင် စည်းစည်းလုံးလုံး အေးချမ်းပျော်ရွှင်စွာ ဆက်လက်နေထိုင်ကြရန် လိုအပ်သည်။
Oct 21, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
(၁၆) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ
Oct 21, 2021
(၁၆) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (16th ASEAN Ministerial Meeting on Environment - 16th AMME and Related Meetings) ကို ယနေ့နံနက် ၈ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Oct 21, 2021
သက်ရှိများမှီတင်းနေထိုင်လျက်ရှိသည့် ကမ္ဘာမြေကြီးတွင် သဘာဝအလျောက် ရုတ်တရက်ပြောင်းလဲဖြစ်ပေါ် လာသည့် ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု ခေါ်ဆိုကြသည်။ သာဓကအနေဖြင့် မြေငလျင်လှုပ် ခတ်ခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီလှိုင်း များ မြင့်တက်လာခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရောဂါအသစ်အဆန်းများ ကျရောက်ခြင်းစသည့် အန္တရာယ်များ ပင်ဖြစ်သည်။ ထိုအန္တရာယ်များကြောင့် သေကျေထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပါသည်။ သဘာဝဘေး အန္တရာယ် မည်မျှကြီးမားသည်ကို သေကျေထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုများနှင့် တိုင်းတာနိုင်ပါသည်။
Oct 21, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၉ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်း ရွှေဟော်မြို့သို့ ပြန်လည်ဝင် ရောက်လာသူ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ၁၁ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ၁၈ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း၃၀တို့ကိုလက်ခံခဲ့သည်။
Oct 21, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မူဆယ်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းနှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီသုံးခုမှယာဉ်စီးရေ လေးစီး ဖြင့် နှာခေါင်းစည်း (Mask) ၂၅ တန် တင်သွင်းခဲ့ကြောင်း သိရ သည်။
Oct 21, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့် တည်းခိုရေး စခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
Oct 21, 2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Oct 21, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊
Oct 21, 2021
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီ ဗုဒ္ဓ တက္ကသိုလ်၏ အသံမစဲအဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓတက္ကသိုလ်၌ပြုလုပ်ရာ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိနယာလင်္ကာရ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
Oct 21, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ဗုဒ္ဓရုပ် ပွားတော်များနှင့် မဟာဗောဓိပင်အား အနေကဇာတင်ပူဇော်ခြင်း ရေစက်ချမင်္ဂလာ အခမ်း အနားသို တက်ရောက်ပြီး ရုပ်သံလွှင့်လုပ်ငန်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးသည်။
Oct 21, 2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်ပေါ်ရှိ အဘယလာဘ မုနိရုပ်ပွားတော် ဘုရားကြီး(ကျောက်တော်ကြီး)ဝန်းအတွင်း၌ တည်ထားကိုးကွယ်တော် မူသော အဘရာကျော်ဓါတ်ပန္နက် ရွှေလဝင်းစေတီတော် ရွှေထီးတော်တင်လှူ ပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုရားကြီး၌ပြုလုပ်ရာ အင်းစိန်မြို့နယ်၊ သံဃာ့နာယကအဖွဲ့ဉက္ကဋ္ဌ ဘဒ္ဒန္တဇာနေယျ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Oct 21, 2021
ယခုတစ်လော မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့၏ ဆက်ဆံရေးအခြေအနေတို့ကို ကြားသိနေရပါသည်။ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေးကိစ္စ၊ မကြာမီကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြုတက်ရောက်မည့်ကိစ္စနှင့် တက်ရောက်ပါက မည်သည့်အဆင့် တက်ရောက်ရန်ကိစ္စတို့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ဆွေးနွေးပြော ကြားသည့် ကိစ္စများဖြစ်သည်။
Oct 21, 2021
ကုသိုလ်ကောင်းမှုတို့ကို မြန်စွာပြုရာ၏။ စိတ်ကို မကောင်းမှုမှတားမြစ်ရာ၏။ ကုသိုလ်ကောင်းမှု အပြုနှေးသောသူ၏ စိတ်သည် မကောင်းမှု၌ ပျော်မွေ့တတ်၏။ (ကောင်းမှုအပြုနှေးသောသူ၏ စိတ်ထဲသို့ မကောင်းမှ ဝင်လာတတ်၏။
Oct 20, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ် ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
Oct 20, 2021
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည် အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအလိုက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် လျက်ရှိရာ သီတင်းကျွတ်ရက်မြတ်ကာလအတွင်း သာသနာ့နွယ်ဝင် ဦးတည်အုပ်စုဖြစ်သည့် ဆရာ တော်/ သံဃာတော်များ၊ သီလရှင်များနှင့် ကပ္ပိယများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး နေမှုများကို အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Oct 20, 2021
သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို ဝါတွင်းသုံးလ ဟောကြားခြင်း ပြီးမြောက်သောနေ့၊ နတ်ဗြဟ္မာအပေါင်းတို့ ခြံရံလျက် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူ သုံးဘုံလူတို့ မြတ်စွာဘုရားအား ကြည်ဖြူကော်ရော် ပူဇော်သောနေ့၊ လောကဝိဝရဏ တန်ခိုး တော်ကြောင့် စကြဝဠာတစ်ဝန်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ် ထူးဝိသေသတို့ဖြင့် အထူးတလည်ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်သည်။
