Oct 25, 2021
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
Oct 25, 2021
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၅/၂၀၂၀ (မန္တလေး) ၊ ၁၀ / ၂၀၂၀ (မွန်)၊ ၁/ ၂၀၂၁ (ရန်ကုန်) ၊ ၂ / ၂၀၂၁ (ရန်ကုန်)နှင့် ၃ / ၂၀၂၁ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု ( ၅ ) မှု ကို စီရင်ချက်ချမှတ်သည်။
Oct 25, 2021
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်သည့် အနေဖြင့် ခေတ်အဆက်ဆက် မြန်မာအမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို အများပြည်သူများနှင့် မျိုးဆက်သစ် လူငယ်များ ပိုမိုအလေးထားလေ့လာ မှတ်သားနိုင်စေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ပုဂံခေတ် အမျိုးသား၊ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပုံများဖြင့် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၂)မျိုးအား အောက်တိုဘာ(၂၇)ရက်၊ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Oct 25, 2021
ကလေးများတွင် အသုံးပြုနိုင်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကို တွေ့ဆုံမေးမြန်းခဲ့သည်။
Oct 25, 2021
၁။ တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရား အသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ် လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များတည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း သိရှိရပါသည်။
Oct 25, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၉ နာရီ တွင် အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် သီရိမင်္ဂလာ လမ်း မြောက်ဘက်အခြမ်း အရှည်ပေ ၁၁၀၀၀၊ အကျယ်ရှစ်ပေ၊ ဒု ကိုးလက်မနှင့် လမ်းတောင်ဘက် အခြမ်း အရှည်ပေ ၆၀၀၀၊ အကျယ် ရှစ်ပေ၊ ဒု ကိုးလက်မ လမ်းတိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
Oct 25, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင် များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိ သူများ၊
Oct 25, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ် ရေးစခန်းနှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ငါးခုမှ ယာဉ်စီးရေ ခုနစ်စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ် တစ်စီးဖြင့် တန် ၂၀ နှင့် နှာခေါင်း စည်း (Mask) ၅၇ တန် တင်သွင်းခဲ့ပြီး အောက်ဆီဂျင် အရည် (Bowser) ယာဉ် တစ်စီးမှာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။
Oct 25, 2021
သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 25, 2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား အောက်တို ဘာ ၂၃ ရက် နေ့လယ်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
Oct 25, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၃ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ အမျိုးသား ၂၆၂ ဦး၊ အမျိုးသမီး ၂၃၇ ဦး၊ စုစုပေါင်း ၄၉၉ ဦးကိုလည်းကောင်း အသီးသီးလက်ခံခဲ့သည်။
Oct 25, 2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်သန်းသည် စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးနေလင်းနှင့် ဝန်ထမ်းများနှင့်အတူ စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး၊ ငါးသယံဇာတ ထိန်းသိမ်းရေးနှင့် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှု မရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ ရေလုပ်သားများအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို အောက်တိုဘာ ၂၃ ရက်က ဆောင်ရွက်ခဲ့သည်။
Oct 25, 2021
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်းရှိ EXIM Bank ချေးငွေ ရယူထားသော သမဝါယမ အသင်း ၈၂ သင်းမှ အသင်းသားပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စများ အဆင်ပြေစေရန်အတွက် သမဝါယမကဏ္ဍမှ တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်ပေးလျက်ရှိရာ အသင်းသားပြည်သူ ၃၁၅၅ ဦးသို့
Oct 25, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၂၄ ရက်၌ နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီနှစ်ခုတို့မှ Syringe ၂၆၉၆၈ ခု၊ Fistula Needle Set ၂၀၀၊ Hemoclialusis Blood Circuits ၈၄၀၊ Medical Adhesive Tape ၁၃၇၆၀၊ Mask ၂၉၆၁ Kg၊ Liquid Oxygen ၁၅၃၃၁ m3 တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Oct 25, 2021
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှု ထမ်းများနှင့် စေတနာရှင်အလှူ ရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများ သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Oct 25, 2021
(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့၏ ထုံးစံအတိုင်း တစ်ဖက်သတ် အစီရင်ခံစာများအပေါ် အပြန်အလှန် ဆွေးနွေးမှုများကို ၂၂-၁၀-၂၀၂၁ ရက်တွင် ပြုလုပ်ခဲ့သည်။ ယင်းမတိုင်မီ ၂၁-၁၀-၂၀၂၁ ရက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့သည်။
Oct 25, 2021
မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဘရူနိုင်းနိုင်ငံ၏ အောက်တို ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အပေါ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနကသဘောထား တုံ့ပြန် သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ကြေညာချက်သည် အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်လျက်ရှိသည်။
Oct 25, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း များအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွား မည်ဟူသော လုပ်ငန်းစဉ်တစ်ရပ်လည်း ပါဝင်သည်။
Oct 24, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Oct 24, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညပိုင်းတွင် မန္တလေးမြို့ Pullman ဟိုတယ်၌ မြို့မတူရိယာအသင်းကြီးမှ အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အသင်းကြီး၏ ဖျော်ဖြေ တင်ဆက်မှုအား ကြည့်ရှုအားပေးသည်။
