Oct 30, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ၊ စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Oct 30, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ကြိုးပမ်းတည်ဆောက်နေသော အချိန်အခါတွင် ပြည်ပရောက် ဒီမိုကရေစီအရေခြုံ အမျိုးသားသစ္စာဖောက် များနှင့် သွေးထိုးမြှောက်ပင့်ပေးနေသော ပြည်ပနိုင်ငံအဖွဲ့ အစည်းအချို့ ပူးပေါင်းလျက် မြန်မာနိုင်ငံ၏ပြည်တွင်းရေးတွင် နည်းလမ်း အမျိုးမျိုးဖြင့် ဝင်ရောက် စွက်ဖက်နှောင့်ယှက်နေကြသည်ကို တွေ့ရသည်။
Oct 30, 2021
"ရေကိုမူလ ချွေတာကြ၊ လျှပ်စစ်ကိုလည်း ချွေတာပြီး၊ လောင်စာကိုပါ ချွေတာပါ”။
Oct 29, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ မြန်မာ့သားကောင်း စစ်မှုထမ်း ဟောင်းအိမ်ယာ (လေးထောင့်ကန်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Oct 29, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းနှင့် ဓမ္မစေတီ လမ်းထောင့်ရှိ သမိုင်းဝင် တော်လှန်ရေး ပန်းခြံသို့သွားရောက်၍ ပန်းခြံအတွင်း အများပြည်သူတို့ အပန်းဖြေအနားယူနိုင်ရေး၊ ကိုယ်လက် လှုပ်ရှားအားကစား ပြုလုပ်နိုင်ရေး ပြင်ဆင်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူတို့က လိုက်လံရှင်းလင်း တင်ပြကြသည်။
Oct 29, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Vladimir Lvovich kasatonov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များအား ရုရှားစစ်ရေယာဉ် Gremyashiy ပေါ်၌ လက်ခံတွေ့ဆုံသည်။
Oct 29, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်း များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Oct 29, 2021
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးတွင် အသစ်ခန့်အပ်မည့် နည်းပြ၊ သရုပ်ပြအသစ်များကို အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်ရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များ တက်ရောက်ကြသည်။
Oct 29, 2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်၊ နတ်မောက်လမ်းရှိ သမဝါယမ ကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Oct 29, 2021
စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသော အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သူများ၊ အဆင့်မြင့်ပညာရှင်များ တိုးပွားလာရေးကို အရေးကြီးသော လုပ်ငန်းရပ်တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံအတွက်လိုအပ်လျက်ရှိသော ငါးလုပ်ငန်း သိပ္ပံကျောင်းသစ် တည်ထောင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ ကျင်းပ သည့် ငါးလုပ်ငန်းသိပ္ပံကျောင်းသစ် တည်ထောင်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။
Oct 29, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းနှင့် မြဝတီကုန်သွယ်ရေးဇုန်တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂)ခုမှ ယာဉ်စီးရေ (၄) စီးဖြင့်၊ အောက်စီဂျင် (အရည်) Bowser ယာဉ် (၁) စီးဖြင့် တန် (၂၀) ၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက် (Oxygen Generator) (၃)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) အခု (၂၀) နှင့် MasK (နှာခေါင်းစီး) (၆) တန်တို့ကို တင်သွင်းခဲ့ပြီး အောက်စီဂျင် (အရည်) Bowser ယာဉ်(၁)စီးမှာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။
Oct 29, 2021
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်၍ အရွယ်မရောက်သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီအစည်းအဝေး (၂/၂၀၂၁) ကို ယနေ့မွန်းလွဲ ၂ နာရီ တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 29, 2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၇,၂၅၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Oct 29, 2021
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၁)ကို ယနေ့နံနက် ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။
Oct 29, 2021
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် နယ်မြေခံတပ်မတော် ဆေးရုံများမှ ပါရဂူများ၊ ဆေးမှူး များ၊ သူနာ ပြုများနှင့် ဆေးဘက်ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်း တွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။
Oct 29, 2021
ချင်းပြည်နယ်၊ ပလက်ဝမြို့၌ ယာယီနေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ များ၏ နေရပ် ဖြစ်သော ကျေးရွာများ၌ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး ခြင်း၊ နေအိမ်များ ပြန်လည်ပြုပြင် ပေးခြင်းနှင့် လုပ်ကိုင်စားသောက်ရန်လိုအပ်ချက်များ ပြန်လည်ဖြည့်ဆည်း ပေးခြင်းတို့ကို ပြည်နယ် အစိုးရအဖွဲ့နှင့် တပ်မတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးဖြစ်ရာ အဆိုပါတိုက်ပွဲရှောင် ပြည်သူ များ၎င်းတို့၏ နေရပ်သို့ ပြန်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော် သားများက စက်လှေများ၊ မော်တော်ယာဉ်များဖြင့် အသီး သီးပို့ဆောင်ပေးလျက်ရှိသည်။
Oct 29, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်း သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
Oct 29, 2021
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလော မြို့နယ်နှင့် မိုင်းရှူးမြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်း မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလ မြို့နယ်နှင့် သန်လျင်မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့နှင့် အိမ်မဲမြို့၊ ရခိုင် ပြည်နယ်၊ ဘူးသီးတောင်မြို့၊ မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင် မြို့နှင့် ကျောက်ကြီးမြို့တို့၌ အသီးသီးပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
