Skip to main content

Jul 12, 2022

ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်းနှင့် လာရောက်ဖူးမြော်ကြည်ညိုခြင်း၊ ရပ်ကွက်၊ လမ်းများ၌ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

ယနေ့သည် ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ဖြစ်သည်နှင့်အညီ နေပြည်တော်ရှိ တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများ၌ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်သူ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄) ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်းတော်ကပ်လှူပွဲနှင့် ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

ယနေ့သည် ဗုဒ္ဒဘာသာဝင်များ၏နေ့ထူးနေ့မြတ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်မြို့ရှိ ဘုရားစေတီများ၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အထူးစည်းကား လျက်ရှိသည်ကို တွေ့မြင်ရသည်၊၊

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

(၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ ပညာ့ဝတီအိမ်ရာစခန်းသို့သွားရောက်ပြီး ဝန်ထမ်းများ၏နေထိုင်ရေး အဆင်ပြေစေရေးလိုအပ်ချက်များကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တိုးချဲ့ခန်းမဆောင်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒို ဒိုင်လူကြီးနှင့် နည်းပြမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ယနေ့နံနက် ၈ နာရီတွင် စာရေးဝန်ထမ်း အခြေခံသင်တန်းအမှတ်စဉ် (၂၀၁) သင်တန်းဖွင့်ပွဲကျင်းပရာ ပါမောက္ခချုပ်(ကိုယ်စား) ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူးများ၊ ပါမောက္ခ (ပညာဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ ဌာနခွဲမှူးများ၊ သင်တန်းမှူးများ၊ လက်ထောက်ကထိကများ၊ ဌာနစုမှူးများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

ဗန်းမော်မြို့နယ်နှင့် မြဝတီမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ငွေကျပ် သိန်း ၅၆၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၆ ဒသမ ၇၂ ကီလိုနှင့် ဘိန်းစိမ်း ၁၂၅ ကီလို ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လက်ပံလှ-စဉ့်ကူး ယာယီစစ်ဆေးရေးဂိတ်၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် မုန့်မျိုးစုံ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၆၈၀၀၀၀) နှင့် အချိုမှုန့်ထုပ်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၁၅၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၈၃၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ငါးနှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများပေါများစွာ စားသုံးနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ မဟာနန္ဒာ ကန်တော်သဘာဝရေပြင်၌ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ဇူလိုင် ၁၁ ရက်က ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ယနေ့ညနေပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများသည် တိုင်းစစ်ဌာနချုပ် စံပြဘက်စုံစိုက်ပျိုးမွေးမြူရေးခြံတွင် တိုင်းဧရာ အစာစပ်စက်ရုံ အစာထုတ်လုပ်နေမှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး (အပေါ်ပုံ)တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ရေနံချက်စက်ရုံအမှတ် (၁)ရှိ ဆိပ်ခံဗော(Pontoon)ကို ယမန်နေ့နံနက် ၁၁ နာရီတွင် ကြည့်ရှုစစ်ဆေးရာ ရေနံချက်စက်ရုံ အမှတ်(၁) စက်ရုံမှူးနှင့် တာဝန်ရှိသူများ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ရေကြောင်းဌာနမှူးချုပ်၊ ဒုတိယရေကြောင်းဌာနမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

တောင်သူတစ်ဦးချင်း ဝင်ငွေတိုးရန် မိရိုးဖလာ စိုက်ပျိုးနည်းများအပြင် ခေတ်မီ စိုက်ပျိုးနည်းများ၊ စက်မှုလယ်ယာ စနစ်တို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြရန်လိုကြောင်း၊ လိုအပ်သော နည်းပညာနှင့် အကူအညီများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် မင်းလှကျေးရွာတွင် ပြုလုပ်သည့် ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်းသရုပ်ပြပွဲ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒဂုံတက္ကသိုလ်တို့ပူးပေါင်းပြီး သတ္တဗေဒဌာနမှ ကျောင်းသား ကျောင်းသူများအနေဖြင့် အခြေခံငါးမွေးမြူရေး၊ ငါးဆေးထိုးသားဖောက်ခြင်း နည်းပညာလေ့လာသင်ယူနိုင်ခြင်းနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်များကို စာတွေ့လက်တွေ့ လေ့လာသင်ယူနိုင်ခြင်းဖြင့် ငါးလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးများသားဖောက်နည်းပညာသင်တန်းနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၁ ရက်က ဒဂုံတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များအတွက် အသိပညာပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်