Jul 15, 2022
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ဇူလိုင် ၁၃ရက်နှင့် ၁၄ရက်တို့တွင် လွိုင်ကော်အကျဉ်းထောင်နှင့် လွိုင်ကော်မြို့မရဲစခန်း အချုပ်ခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jul 15, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေမှုနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၃ အနီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု၊ မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jul 15, 2022
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်(၁)ရန်ကုန်တွင် ဘွဲ့ကြို/ဘွဲ့လွန် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Jul 15, 2022
“နိုင်ငံတိုင်းသည် မိမိတို့၏အကျိုးစီးပွားအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံတွင် ကြိုးပမ်းအားထုတ်နေရမည်ဖြစ်ပြီး Moving Forward ဟူသည့်အတိုင်း အမြဲလျှောက်လှမ်းနေရမည်ဖြစ်ကြောင်း၊ ရပ်နေပါက မိမိတို့တိုင်းပြည် နောက်ကျကျန်နေခဲ့မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားထားသည်။
Jul 15, 2022
ယနေ့ မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသားပြည်သူများ၏ ဦးတည်မျှော်မှန်းချက်မှာ မြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ရန်ဖြစ်သည်။ ဖက်ဒရယ်ဟူသည် နိုင်ငံပြိုကွဲခြင်း၏အစ၊ နိုင်ငံလဲပြိုကျသွားရန်အတွက် အက်ကြောင်းအဖြစ် အနက်ကောက်ခဲ့ကြရာမှ ဖက်ဒရယ်ဟူသည် တန်းတူရည်တူ၊ စိတ်တူကိုယ်တူ ပေါင်းစည်းညီညွတ်ခြင်းအဖြစ် ရှုမြင်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသား လူမျိုးစုံတို့ အတူတကွနေထိုင်ရာ နိုင်ငံတော်ကြီးကို ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ရန် မျှော်မှန်းလာခြင်းလည်းဖြစ်သည်။ မတူကွဲပြားသည့် လူမျိုးစုများ၊ မျိုးနွယ်စုများအတူ ပေါင်းစည်းနေထိုင်ရာတွင် အပြန်အလှန် ရင်းနှီးချစ်ခင်မှု၊ နားလည်စာနာမှု၊ သွေးရင်းသားရင်းမိသားစုများအဖြစ် သဘောထားမှုတို့ စသည့် သွေးစည်းညီညွတ်မှု စိတ်ဓာတ်များ ရှင်သန်ထွန်းကားနေရန် အထူးလိုအပ်သည်။
Jul 14, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 14, 2022
နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့ သတင်းပို့ ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာ နေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားကြောင်း သိရှိရသည်။ ကြေညာချက် အပြည့်အစုံမှာ -
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၄-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Jul 14, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Jul 14, 2022
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ Mr. Peter Vowles သည် မြန်မာနိုင်ငံမှ ထွက်ခွာရသည့် အကြောင်းရင်းကို ၁၃-၇-၂၀၂၂ ရက်က ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြထားမှုသည် မှန်ကန်မှုမရှိသည့်အပြင် ဖြစ်ရပ်မှန်နှင့် ကွဲလွဲလျက်ရှိနေကြောင်း တွေ့ရှိရသည်။
Jul 14, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ရွာထောင်ရှိ မြန်မာ့မီးရထား၏ ဒီဇယ်စက်ခေါင်းစက်ရုံသို့ ရောက်ရှိစစ်ဆေးရာ စက်ရုံမှူးက လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လျာထားချက်များ ပြည့်မီကျော်လွန်အောင် စွမ်းဆောင်နိုင်ရေး၊ စက်ရုံ၏ လုံခြုံမှုစနစ်ကောင်းမွန်ရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေးကိစ္စရပ်များကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Jul 14, 2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jul 14, 2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 14, 2022
အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုမည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း
Jul 14, 2022
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်မည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း
Jul 14, 2022
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်အပြင် ဇာတ်သဘင်ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈)ဖြာမင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက် မှစတင်၍ အပတ်စဉ်စနေနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
Jul 14, 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် Digital Payment Switch System ၏ MMQR Standardiza-tion နှင့်သက်ဆိုင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ Learning & Training Center၌ ကျင်းပသည်။
Jul 14, 2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သား၊သမီးများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
