Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်း အခြေခံသင်တန်း ဖွင့်ပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၁၁

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ယနေ့နံနက် ၈ နာရီတွင် စာရေးဝန်ထမ်း အခြေခံသင်တန်းအမှတ်စဉ် (၂၀၁) သင်တန်းဖွင့်ပွဲကျင်းပရာ ပါမောက္ခချုပ်(ကိုယ်စား) ဒုတိယ ပါမောက္ခချုပ်(စီမံခန့်ခွဲရေး)က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူးများ၊ ပါမောက္ခ (ပညာဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ ဌာနခွဲမှူးများ၊ သင်တန်းမှူးများ၊ လက်ထောက်ကထိကများ၊ ဌာနစုမှူးများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အဆိုပါသင်တန်းကို စာရေးအဆင့်ရှိ သင်တန်းသား ၂၄၂ ဦး၊ သင်တန်းသူ ၃၉၁ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဇူလိုင် ၁၁ ရက်မှ စက်တင်ဘာ ၁၆ ရက်ထိ ရက်သတ္တ ၁၀ ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်